“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ စာသင်ကျောင်းများဖွင့်လှစ်မှု ကွင်းဆင်းကြည့်ရှု

ဟိုပန်    နိုဝင်ဘာ  ၁၀

 နိုဝင်ဘာလ ၁ ရက်နေ့မှစ၍ အခြေခံပညာစာသင်ကျောင်းများအား ဖွင့်လှစ်လျက်ရှိရာယမန် နေ့နံနက် ၁၀ နာရီအချိန်က “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးညီနပ်နှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့်အဖွဲ့ဝင်များသည်ဟိုပန်မြို့ပေါ်ရှိ စာသင်ကျောင်းများဖွင့်လှစ်ထားရှိမှုအခြေအနေကို ကြည့်ရှုစစ်ဆေးခဲ့ ကြောင်းသိရသည်။

 ယင်းသို့ စစ်ဆေးရာတွင် စာသင်ကျောင်းများရှိ စာသင်ခန်းများတွင် ကျောင်းတက်ရောက်/ပျက်ကွက်စာရင်းထားရှိရန်၊ ကျောင်းတက်ရောက်ခြင်းမရှိသည့် ကျောင်းသား/ကျောင်းသူများကို ဆရာ/မိဘနှင့်ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများက ပူးပေါင်း၍ ကျောင်းတက်လာစေရေး စည်းရုံးဆောင်ရွက်သွားရန် မှာကြားခဲ့သည်။

 ယနေ့တွင် ဟိုပန်မြို့ပေါ်ရှိ အလက(ကောင်းကော်)၊ အထကခွဲ(ရွှေဝါ)၊ အမက(စံပြ)၊အမက(မန်မိုင်)၊ အထက(ဟိုပန်)၊အမက(ပန်လုံလမ်း)နှင့် အမက(မိန်းပန်းရှမ်း) ကျောင်းများသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)