ဘီးလင်း နိုဝင်ဘာ ၁၀
သထုံခရိုင်၊ ဘီးလင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မွန်ပြည်နယ် မသန်စွမ်းသူများ အသင်းတို့ ပူးပေါင်း၍ မသန်စွမ်းမှုဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲ (Talk Show)ကို ယနေ့မွန်းလွဲ ၁ နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန (Community Centre)ခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့သည်။
အဆိုပါ ဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်အေးမျိုးမျိုးစံက Talk Show ဆွေးနွေးပွဲ ပြုလုပ်ရသည့် ရည်ရွယ်ချက်ကို ရှင်းလင်း ပြောကြားသည်။
ဆက်လက်၍ မွန်ပြည်နယ် မသန်စွမ်းသူများအသင်းဥက္ကဋ္ဌ ဦးစောအောင်သိမ်းတင်နှင့် အလုပ်အမှုဆောင် အဖွဲ့ဝင်များက မွန်ပြည်နယ် မသန်စွမ်းသူများ၏ အခြေအနေ၊ အသင်းဖြစ်ပေါ်လာပုံနှင့် ဖွဲ့စည်းထားရှိမှု အခြေအနေ၊ မသန်စွမ်းသူများ အခွင့်အရေးဥပဒေ အခန်း ၁၅၊ ပုဒ်မ ၇၇ ပါတားမြစ်ချက်နှင့် ပြစ်ဒဏ်များ၊ မသန်စွမ်းသူများသို့ ထောက်ပံ့ ပေးနေမှုနှင့် ထောက်ပံ့ငွေရရှိရေး စီစဉ်ဆောင်ရွက်ပေးနေမှု အခြေအနေတို့ကို ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေး ရှင်းလင်းဆွေးနွေး ခဲ့ကြကြောင်း သိရသည်။
ထူးနောင် ဘီးလင်း (ပြန်/ဆက်)