မအူပင်တက္ကသိုလ်တွင် နည်းပြ၊ သရုပ်ပြ ဆရာ/ဆရာမ သစ်လွင်များအား ကြိုဆိုပွဲနှင့် မွမ်းမံသင်တန်း ဖွင့်ပွဲကျင်းပ

မအူပင်   နိုဝင်ဘာ    ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့ မအူပင်တက္ကသိုလ်တွင် စတင်တာဝန်ထမ်းဆောင်သည့် နည်းပြ၊ သရုပ်ပြ ဆရာ/ဆရာမများအား သစ်လွင်ကြိုဆိုပွဲနှင့် မွမ်းမံသင်တန်းဖွင့်ပွဲ အခမ်းအနားကို မအူပင်တက္ကသိုလ် ဘွဲ့နှင်းသဘင် ခန်းမတွင် ယမန်နေ့ နေ့လည် နာရီက ကျင်းပသည်။

အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း တက်ရောက်ကာ ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားပါသည်။ ၎င်းနောက် မအူပင်တက္ကသိုလ်ပါမောက္ခချုပ် ဆရာမကြီး ဒေါက်တာနီနီဦးက မအူပင်တက္ကသိုလ် ၏ သမိုင်းကြောင်းနှင့် လက်ရှိဆောင်ရွက်နေမှုများ၊ ဘာသာရပ်အလိုက် တာဝန်ခံများနှင့်ပါသည်။  ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ခန့်အပ်ခြင်းခံရသော  နည်းပြ၊ သရုပ်ပြ ဆရာ/ဆရာမသစ်လွင်များအတွက် ထောက်ပံ့ကြေး အဖြစ် ကျပ်သိန်း ၂၀ ပေးအပ်ရာ ဦးကိုကို(သရုပ်ပြဓာတုဗေဒ) ဦးဇော်ဇော်အောင် (သရုပ်ပြရူပဗေဒ) တို့က လက်ခံပါသည်။

မအူပင်တက္ကသိုလ်တွင် နည်းပြ၊ သရုပ်ပြ ဆရာ/ဆရာမ အသစ် (၉၃) ဦး ခန့်အပ်ပြီး လုပ်ငန်းခွင် အဆင်ပြေစေရန်  မွမ်းမံသင်တန်းအားဖွင့်လှစ်မည်ဖြစ်ကြောင်း မအူပင်တက္ကသိုလ်မှ သိရသည်။

အောင်ခိုင် အောင်မြင့်မြတ် (မအူပင်)