လားရှိုး နိုဝင်ဘာ (၉)
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ၊ရှမ်းပြည်နယ်မြောက်ပိုင်း ဦးစီးမှူးရုံး သစ္စာခန်းမ၌ ယမန်နေ့နံနက်(၉)နာရီခွဲအချိန်က ဝန်ထမ်းသစ်များအားဌာနတွင်း ဘာသာရပ်ဆိုင်ရာ ရက်တိုသင်တန်း ဖွင့်ပွဲ ကျင်းပခဲ့ကြောင်းသိရှိရသည်။
သင်တန်းဖွင့်ပွဲအခမ်းအနား၌ ရှမ်းပြည်နယ်(မြောက်ပိုင်း)ဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူး ဦးစိုးပိုင်က သင်တန်းဖွင့်အမှာစကားပြောကြားပြီး လားရှိုးခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးကျော်မော်ထွန်းမှ သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါသင်တန်းသို့ လားရှိုးခရိုင်အတွင်းရှိ မြို့နယ်(၅)မြို့နယ်မှ ဝန်ထမ်းသစ်(၁၆)ဦး တက်ရောက်လျက်ရှိနေပြီး ယမန်နေ့မှနိုဝင်ဘာ(၁၁)ရက်နေ့အထိ (၄)ရက်ကြာ သင်ကြားပို့ချ သွားမည်ဖြစ်ကြောင်းသိရှိရသည်။
ဟန်ဌေး