ဟိုပန်၌ အသက်(၁၈)နှစ်အထက် ဒေသခံပြည်သူ (၁၅၅၅) ဦးအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ထိုးနှံပေးခဲ့

ဟိုပန်  နိုဝင်ဘာ 

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ဟိုပန်မြို့နယ်တွင်  အသက်(၁၈)နှစ်အထက် ဒေသခံပြည်သူ (၁၅၅၅) ဦးအား တတိယအသုတ် (ပထမအကြိမ်) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ထိုးနှံပေးခဲ့ပြီး ဖြစ်ကြောင်း အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။

ကာကွယ်ဆေးထိုးနှံရာတွင် ဟိုပန်မြို့နယ်၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲဝင်းထိုက် ကြီးကြပ်၍ ကော်မတီအဖွဲ့ဝင်များ၊  မီးသတ်တပ်ဖွဲ့နှင့် လူမှုကူညီရေးအသင်း အဖွဲ့များက  ဆေးလာရောက်ထိုးနှံသည့် ပြည်သူများကို  ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ခြင်း၊ စာရင်းအချက်အလက်များ ကောက်ယူခြင်း၊ ကိုယ်ပူချိန်တိုင်းတာခြင်း များနှင့် ကာကွယ်ဆေးထိုး နှံပြီးချိန်တွင် ခေတ္တအနားယူစေခြင်း စသည့် လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှုများကို ပူးပေါင်း ကူညီဆောင်ရွက်ခဲ့ကြကြောင်း သိရ သည်။

ဟိုပန်မြို့နယ်တွင်  ယနေ့အထိ  အသက်(၁၈)နှစ်အထက် ဒေသခံ ပြည်သူ အမျိုးသား (၇၅၉) ဦး၊ အမျိုးသမီး(၇၉၆) ဦး  စုစုပေါင်း ပြည်သူ(၁၅၅၅) ဦးတို့အား တတိယ အသုတ် (ပထမအကြိမ်)အဖြစ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinopharm) ကို ထိုးနှံပေးခဲ့ပြီးဖြစ်ကြောင်းနှင့် ကျန်ရှိသည့် ပြည်သူများ ကိုလည်း ဆက်လက် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီထံမှ သိရှိရသည်။

ခရိုင်(ပြန်/ဆက်)