မိုင်းရယ်မြို့နယ် မြို့ပေါ်နှင့်ကျေးလက်ကျန်းမာရေးဌာခွဲများတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိ

မိုင်းရယ် နိုဝင်ဘာ ၉

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို ယနေ့ နံနက် ၁၀ နာရီမှစ၍ မိုင်းရယ်မြို့၊ နမ့်ရယ်ခန်းမ၊ ဟိုယကျေးရွာအုပ်စု၊ လွယ်ငင်းကျေးရွာအုပ်စု၊ မန်ကြူကျေးရွာအုပ်စုများတွင် ဦးတည်အုပ်စုများမှ အသက်(၁၈) နှစ်အထက်ရှိသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးအား ထိုးနှံပေးလျက်ရှိသည်။

မိုင်းရယ်မြို့၊ မြို့ပေါ်နှင့်ကျေးလက်ကျန်းမာရေးဌာခွဲများတွင်တွင် အသက်(၁၈)နှစ်အထက် ဒုတိယအသုတ် ဒုတိယအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေးအား(၄၇၅)ဦးနှင့် တတိယအသုတ် ပထမအကြိမ် (၂၂၅)ဦး စုစုပေါင်း (၇၀၀)ဦး ထိုးနှံနိုင်ခဲ့ကြောင်း မြို့နယ် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ကော်မတီမှ သိရသည်။ 

အဆိုပါ ကိုဗစ်-၁၉ ကာကွယ်ဆေးများထိုးနှံရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးစီုးမင်းအောင်နှင့် အဖွဲ့ဝင်များ၊ ကျန်းမာရေး ဝန်ထမ်းများ၊ ဌာနဆိုင်ရာများက ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျော်ဇင်ထိုက်