မိုင်းရယ်မြို့နယ်တွင် အသက်(၁၂)နှစ်အထက် ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံ

မိုင်းရယ် နိုဝင်ဘာ ၉

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ မိုင်းရယ်မြို့နယ်တွင် အသက်(၁၂)နှစ်အထက် ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို ယမန်နေ့နံနက် ၁၀ နာရီမှ စ၍ မြို့နယ် မန်စန့်(အထကခွဲ)တွင် ဆက်လက်ထိုးနှံပေးသည်။

အသက်(၁၂)နှစ်အထက်ကျောင်းသား/သူများအား ကာကွယ်ဆေးထိုးနှံခြင်းအား မိုင်းရယ်မြို့ အထကခွဲ(မန့်စန့်)တို့တွင် ကျောင်း သား/သူ (၆၂)ဦးအား ထိုးနှံပေးခဲ့ပြီး မိုင်းရယ်မြို့နယ်အတွင်း အသက်(၁၂)နှစ်အထက် ကျောင်းသား/သူ (၄၇၈)ဦး ထိုးနှံနိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

ကာကွယ်ဆေးထိုးနှံနေမှုများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ ကမ်းမယ့်လက်ပရဟိတ အဖွဲ့များက ကျောင်းသား/သူများနှင့် အုပ်ထိန်းသူများအား ကာကွယ်ဆေးထိုးနှံခြင်း အကြောင်းအား ရှင်းလင်းပြောကြားပြီး ကိုယ်ပူချိန်တိုင်းခြင်း၊ သွေးတွင်း အောက်စီဂျင်တိုင်းခြင်း၊ သွေးပေါင်ချိန်ခြင်းများ ပြုလုပ်ပြီး စနစ်တကျ ကာကွယ်ဆေး ထိုးနှံပေး လျက်ရှိသည်။

ကျော်ဇင်ထိုက်