ရခိုင်ပြည်နယ် မောင်တောမြို့၌ အခြေခံပညာကျောင်းများရှိ အသက်(၁၂)နှစ်အထက် ကျောင်းသား/သူ ၅၉၃၉ ဦးအား (ပထမ)အကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေး ဆက်လက် ထိုးနှံပေးပြီးဖြစ်

မောင်တော  နိုဝင်ဘာ  ၉

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ အခြေခံပညာကျောင်းများရှိ အသက်(၁၂)နှစ်အထက် ကျောင်းသား/သူများအား (ပထမ)အကြိမ်အဖြစ် ယမန်နေ့ နံနက် ၉ နာရီအချိန်  သတ်မှတ် စုရပ်နေရာများတွင် ဆက်လက် ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် ကာကွယ်ဆေး ထိုးနှံခြင်းမပြုမီ  ပညာရေးဝန်ထမ်းများမှ  စာရင်းများ မှတ်ယူခြင်း၊ မြို့နယ်ကုသရေး ဦးစီးဌာနမှူး ဒေါက်တာနုကေသီစံ ဦးဆောင် ကြီးကြပ်ပြီး ကျန်းမာရေး ဝန်ထမ်းများက လာရောက်ထိုးနှံသည့် အခြေခံပညာကျောင်းများရှိ  အသက်(၁၂)နှစ်အထက် ကျောင်းသား/သူများအား  နှာခေါင်းစည်းများ ဖြန့်ဝေပေးခြင်း၊ ကိုယ်အပူချိန် တိုင်းတာခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်း၊ ကျန်းမာရေး စစ်ဆေးခြင်းများကို ဆောင်ရွက်ပေးကာ ပုံမှန်အခြေအနေရှိမှသာ စနစ်တကျ ကာကွယ်ဆေး ထိုးနှံပေးပြီး ထိုးနှံပြီးသည့် သူများကို မိနစ် ၃၀ ခန့် အနားယူစေပြီး ကာကွယ်ဆေး ထိုးနှံနေမှုများအား  ဌာနဆိုင်ရာများ၊ ကျောင်းအုပ်ဆရာ/မကြီးများ၊ ဆရာ/မ များ၊ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများက ကူညီဆောင်ရွက် ပေးလျက်ရှိသည်။

မောင်တောမြို့နယ် အခြေခံပညာကျောင်းများရှိ စုရပ်(၅၃)နေရာတွင် ကာကွယ်ဆေး ထိုးနှံပေးရမည့် အသက်(၁၂)နှစ်အထက်  လျာထားကျောင်းသား/သူ (၇၂၉၇)ဦးရှိပြီး (ပထမ) အကြိမ်အဖြစ်  နိုဝင်ဘာ ၈ ရက်နေ့တွင်လည်း ကျောင်းသား/သူဦးရေ ၁၀၉ ဦးအား ဆက်လက် ထိုးနှံပေးနိုင်ခဲ့ပြီး အောက်တိုဘာ  ၁၇ ရက်နေ့ မှ နိုဝင်ဘာ ၈ ရက်နေ့အထိ  အသက်(၁၂)နှစ် အထက် ပထမအကြိမ်ကာကွယ်ဆေး ထိုးနှံပြီးစီးသူ ကျောင်းသား/သူ စုစုပေါင်း (၅၉၃၉) ဦးအား ကျန်းမာရေး ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ထိုးနှံပေးပြီးကြောင်း သိရသည်။ 

သက်လွင်စိုး ခရိုင်(ပြန်/ဆက်)