ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ကျောက်ဆည်ခရိုင်ရွေးကောက်ပွဲက ကော်မရှင်ရုံးနှင့် လုပ်ငန်းဆောင်ရွက်မှုများအား ကြည့်ရှုစစ်ဆေး

ကျောက်ဆည်   နိုဝင်ဘာ   ၉

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးအောင်မိုးမြင့်သည့် နိုဝင်ဘာ(၉)ရက်နေ့လည် (၁၁) နာရီခွဲက ကျောက်ဆည်ခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ့ရုံးသို့ ရောက်ရှိပြီး ဝန်ထမ်းများနှင့် တွေ့ဆုံ ကာ ရုံးလုပ်ငန်း ဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေးခဲ့ရာ ခရိုင်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ရုံးတာဝန်ခံ လက်ထောက် ညွှန်ကြားရေးမှူး ဦးအောင်ဟိန်းက ကျောက်ဆည်ခရိုင် ရွေးကောက်ပွဲ ကော်မရှင်ရုံးနှင့် ခရိုင်အတွင်းရှိ ကျောက်ဆည်၊ မြစ်သား၊ စဉ့်ကိုင်၊ တံတားဦးမြို့နယ် ရွေးကောက်ပွဲ ကော်မရှင်ရုံးများ၏ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

ဆက်လက်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးအောင်မိုးမြင့်သည့် ကျောက်ဆည် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးနှင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးသို့ သွားရောက်ပြီး ၂၀၂၃-ခုနှစ်၊မတ်လတွင် အသက်(၁၈)နှစ်ပြည့်ပြီးသူများအား ကွန်ပျူတာနှင့် စာရင်းပြုစုနေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး စာရင်းများမှန်ကန်မှုရှိစေရေး မှာကြား ခဲ့ကြောင်းသိရှိရကာ မြစ်သားမြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးသို့ ဆက်လက် သွားရောက်ကာ လုပ်ငန်းဆောင်ရွက်နေမှုများအား စစ်ဆေးခဲ့ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)