စဉ့်ကိုင် နိုဝင်ဘာလ ၉
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့၀င် မန္တလေးတိုင်းတာ၀န်ခံ ဦးအောင်မိုးမြင့်နှင့် အဖွဲ့၀င်များသည် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် အထွေထွေ အုပ်ချုပ် ရေးဦးစီးဌာန ဧည့်ခန်းမဆောင်တွင် ယနေ့နံနက်(၁၀)နာရီကရောက်ရှိခဲ့ပြီး မြို့နယ်ရွေးကောက် ပွဲကော်မရှင်အဖွဲ့ခွဲနှင့်တွေ့ဆုံဆွေးနွေးခဲ့ကြောင်းသိရသည်
ရှေးဦးစွာ ပြည်ထောင်စုရွေးကောက်ပွဲရွေးကောက်ပွဲ ကော်မရှင်အဖွဲ့၀င် ဦးအောင်မိုးမြင့်က မြို့နယ် ရွေးကောက်ပွဲကိစ္စနှင့်စပ်လျဉ်း၍လက်ရှိ ဆောင်ရွက်နေမှုများကို ဥပဒေ၊ နည်းဥပဒေများနှင့် အညီစနစ်တကျရှိစေရေး ရွေးကောက်ပွဲကော်မရှင်လုပ်ငန်းစဉ်များအား အသေးစိတ်ရှင်းလင်း ပြောကြားခဲ့ပြီး ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦး၀င်း၀င်းစိုး၊ မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ဦးစီးအရှိ ဦးအောင်ဆန်းဦးနှင့် မြို့နယ်လူ၀င်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာန၊ ဦးစီးအရာရှိ ဦးတင်မောင်လွင်တို့က ဆောင်ရွက်ထားရှိမှု အခြေအနေများအား ရှင်း လင်းတင်ပြကြရာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့၀င် ဦးအောင်မိုးမြင့်က လိုအပ်သည် များကို ပြန်လည်ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)