မြဝတီမြို့၌ အသက် ၁၈ နှစ်အထက်များအား ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးခြင်းကို ဆက်လက်ဆောင်ရွက်

မြဝတီ နိုဝင်ဘာ ၉

နိုင်ငံတော်အစိုးရ အနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ကုသထိန်းချုပ်ခြင်းလုပ်ငန်းများကို အစဉ်တစ်စိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ပြည်သူများ ကာကွယ်ဆေးထိုးနှံနိုင်စေရေး ဆောင်ရွက်ပေးလျက်ရှိရာ မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့နယ်တွင်လည်း ကိုဗစ်-၁၉ ကာကွယ်ဆေးများကို စတုတ္ထအသုတ် ဒုတိယ အကြိမ်အဖြစ် ယနေ့ စတင်ထိုး နှံပေးလျက်ရှိ ကြောင်းသိရသည်။

ကာကွယ်ဆေး ထိုးနှံပေးနေမှုများကို မြဝတီမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင် နှင့် တာဝန်ရှိသူများက လိုက်လံ ကြည့်ရှု အားပေးသည်။

ကာကွယ်ဆေးထိုးနှံပေးခြင်းကို ချမှတ်ထားသည့် လုပ်ငန်းစဉ်သတ်မှတ်စည်းကမ်းများနှင့်အညီ ဆောင်ရွက် လျက်ရှိပြီး ကျန်းမာရေးဌာနမှ ဝန်ထမ်းများက ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ယခု စတုတ္ထအသုတ် ဒုတိယအကြိမ်အဖြစ် ကိုဗစ်ကာကွယ်ဆေးထိုးနှံ ပေးခြင်းကို ယနေ့ နိုဝင်ဘာ ၉ ရက် နေ့မှ ၁၁ ရက်နေ့အထိ သက်ဆိုင်ရာ စုရပ်များတွင် (၃)ရက်ကြာ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထိန်လင်းအောင်(ပြန်/ဆက်)