ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့်အဖွဲ့‌ ဝါးခယ်မမြို့နယ်သို့ ရောက်ရှိ၍မြို့ နယ်ကော်မရှင်အဖွဲ့နှင့် တွေ့ဆုံဆွေးနွေး

ဝါးခယ်မ နိုဝင်ဘာ၉

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးနှင့်အဖွဲ့ဝင်များသည် ဧရာ၀တီတိုင်း ဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် ဆေးရုံရပ်ကွက်၊ မုံရွာကျောင်းလမ်းရှိ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးသို့ ယမန်နေ့မွန်းလွဲ(၃)နာရီက ရောက်ရှိ၍ မြို့နယ်ကော်မရှင်အဖွဲ့ခွဲနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးက မြို့နယ်ကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ ဒေါ်သိန်းငွေနှင့် ဝန်ထမ်းများ၊ မြို့နယ်‌ကော်မရှင်အဖွဲ့ဝင်များနှင့် တွေ့ဆုံ၍ ကော်မရှင်လုပ်ငန်းများ ဆွေးနွေးမှာကြားခဲ့ကြောင်း၊ ယင်းနောက်မြို့နယ်ရုံး ဆောက်လုပ်ရန် လျာထားသည့် စာရေးကုန်းရပ်ကွက်ရှိ တိုးချဲ့ကွက်သစ်မြေနေရာအား ကြည့်ရှုခဲ့ကြောင်း သိရသည်။

စောသန္တာဦး