ဆင်ပေါင်ဝဲမြို့၌ အမျိုးသားအောင်ပွဲနေ့အကြောင်း သိကောင်းစရာ နံရံကပ်စာစောင် ပြသ

ဆင်ပေါင်ဝဲ နိုဝင်ဘာ ၉

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနရုံးရှေ့ မြေစိုက်နံရံကပ် ပြဘုတ်တွင် ၂၀၂၁-ခုနှစ်၊ နိုဝင်ဘာ ၂၈ ရက်နေ့တွင်ကျရောက်မည့် (၁၀၁)နှစ်မြောက်၊ အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် နံရံကပ်စာစောင်ပြသဆောင်ရွက် ထားရှိကြောင်းသိရှိရသည်။

အဆိုပါမြေစိုက်နံရံကပ်ပြဘုတ်တွင် အမျိုးသားနေ့ဖြစ်ပေါ်လာပုံ၊ အမျိုးဂုဏ်၊ ဇာတိဂုဏ်အကြောင်း အရာများ၊ အမျိုးသားအောင်ပွဲနေ့အကြောင်းသိကောင်းစရာများ၊ ကဗျာများ၊ ကာတွန်းများ၊ ဆောင်းပါးများ၊ ကိုဗစ်-၁၉ အသိပညာပေး အကြောင်းအရာများနှင့် ကျန်းမာရေးကဏ္ဍများ ပါဝင်ကြောင်း သိရှိရသည်။

နိုင်လင်း(မြို့နယ်ပြန်/ဆက်)