ဆင်ပေါင်ဝဲမြို့တွင် မသန်စွမ်းသူများ၏အခွင့် အရေးဆိုင်ရာ အသိပညာပေး Talk Show ဆွေးနွေးပွဲကျင်းပ

ဆင်ပေါင်ဝဲ နိုဝင်ဘာ ၉

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန Community Centre ခန်းမတွင် နိုဝင်ဘာ ၉ ရက်၊ နံနက် ၉နာရီအချိန်က မြို့နယ်ဥပဒေအရာရှိ နှင့်ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနတို့ပူးပေါင်း၍ မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာ အသိပညာပေး Talk Show ဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့သည်။

ဆွေနွေးပွဲတွင် ဆင်ပေါင်ဝဲမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ချိုချိုဝင်းမှ မသန်းစွမ်းသူများ၏အခွင့် အရေးဆိုင်ရာ အသိပညာပေး Talk Show ဆွေးနွေးပွဲကျင်းပပြုလုပ်ရသည့် ရည်ရွယ် ချက်အား ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်ဥပဒေအရာရှိဒေါ်ဇင်မာဦးမှ မသန်စွမ်းသူများအတွက် ပြဌာန်း ထားသည့် အခွင့်အရေးဆိုင်ရာဥပဒေပါအ‌ကြောင်းအရာများ၊ ပညာရေးနှင့်ပတ်သက်ပြီး မသန်စွမ်းသူများ အတွက်ပြဌာန်ထားသည့် ဥပဒေတွင်ပါသည့်အခွင့်အရေးဆိုင်ရာအကြောင်းအရာများ၊ ပြစ်မှုပြစ်ဒဏ်များအား အသေးစိတ်ရှင်းလင်း ဆွေးနွေးခဲ့သည်။

အဆိုပါ အသိပညာပေး Talk Show ဆွေးနွေးပွဲအား We Love Sinbaungwe Facebook Page မှတဆင့် ထုတ်လွှင့်ပေးသွားမည်ဖြစ်ကြောင်း သိရှိ ရသည်။

နိုင်လင်း(မြို့နယ်ပြန်/ဆက်)