မိုင်းငေါ့မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးသူ ပြည်သူတစ်ဦး၏ ရင်တွင်းစကားသံ

မိုင်းငေါ့ နိုဝင်ဘာ ၈

ရှမ်းပြည်နယ်(မြောက်ပိုင်း) ၊ ကျောက်မဲ ခရိုင်၊ မိုင်းငေါ့ မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် တားဆီးရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပြီး ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးသူ ပြည်သူတစ်ဦး၏ ရင်တွင်းစကားသံ အချို့ကိုဖော်ပြပေး လိုက်ပါသည်။

ကျွန်မ အမည်က မတူးတူးမော် ဖြစ်ပါတယ်၊ အသက်က (၁၈)နှစ်ပါ၊ ဈေးရပ်ကွက် မိုင်းငေါ့မှာ နေထိုင်ပါတယ်၊ ပညာအရည်အချင်း ကတော့ (၁၀)တန်း ဖြစ်ပါတယ်၊ ကျွန်မ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ်ကို (၁.၁၀.၂၀၂၁) ရက်နေ့မှာ ထိုးနှံခဲ့ပြီး ဒုတိယအကြိမ်ကို (၂၈.၁၀.၂၀၂၁) ရက်နေ့မှာ ထိုးနှံခဲ့ပါတယ်ရှင်  ပထမအကြိမ်ကာကွယ်ဆေး ထိုးပြီးတော့ လက်မောင်း အောင့်တယ်၊ ဒုတိယအကြိမ်း ထိုးပြီးတော့ ဖျားပါတယ်ရှင့်၊ ဖျားတာကလည်း ()ရက် ထဲဖျားတာပါ၊ Paracetamol ဆေးသောက် တော့ သက်သာသွားတာ ဘာမှမဖြစ်တော့ဘူး၊ ကာကွယ် ဆေးမထိုးမီ ကျန်းမာရေးဆရာမတွေက သွေးပေါင်ချိန်ပေးပါတယ်၊ ကျန်းမာရေး စစ်ဆေးခြင်းတွေ လုပ်ပေးပါတယ်ရှင့်၊ အဲဒါတွေအား လုံးပြီးပြီဆိုမှ ကာကွယ်ဆေးကို ထိုးနှံပေးခြင်း ဖြစ်ပါတယ်ရှင့်၊ ဆေးထိုးပြီးရင် လည်း နာရီဝက်ခန့် စောင့်ကြည့်ပေးပါတယ်၊ ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေးကို လူတိုင်းအလေးထား လိုက်နာသင့်ပါတယ်၊ ဒါမှ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှု လျော့ကျလာမှာ ဖြစ်ပါတယ်၊ ကျန်းမာရေးဝန်ကြီး ဌာနက ထုတ်ပြန်ထားတဲ့ ညွှန်ကြားချက်များ ကိုလည်း ပြည်သူ‌တွေ လိုက်နာကြဖို့လိုပါတယ်၊ ဒါကြောင့် ကျွန်မအနေနဲ့ ပြောချင်တာက ကိုဗစ်-၁၉ ရောဂါ  ကာကွယ်ဆေးမထိုး ရသေးသူများ ကာကွယ်ဆေး ထိုးနှံ‌ပေးကြပါလို့ တိုက်တွန်း ပြောကြား လိုက်ရပါတယ်၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံလို့ရအောင် စီစဉ်ဆောင်ရွက် ပေးကြသော လူကြီးမင်းများ အားလုံးကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်ရှင်။

မြင့်သွယ် (မိုင်းငေါ့ ပြန်/ဆက်)