ဆီဆိုင် နိုဝင်ဘာ ၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးနှင့် ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် ထိရောက်မှု ရှိစေရေးအတွက် ကျေးရွာရှိဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံရမှု ရှိ/ မရှိ (RDT) Tesk Kit ဖြင့် အခမဲ့စစ်ဆေးပေးခြင်းကို ယနေ့နံနက် ၈ နာရီက နောင်ကျောကျေးရွာအုပ်စု၊ ဘုရားဖြူကျေးရွာသို့ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီ သူနာပြု တပ်ဖွဲ့ဝင်များ၊ မေတ္တာရောင် လူမှုကူညီရေးအသင်းမှ အဖွဲ့ဝင်များ၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် စာရေးတို့က Local Semi-Lockdown သတ်မှတ်ကာလ အတွင်း ကျေးရွာရှိဒေသခံ ပြည်သူ (၁၈၄) ဦးအား ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံရမှု ရှိ/ မရှိ (RDT)Tesk Kit ဖြင့် အခမဲ့စစ်ဆေးပေးပြီး ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံရမှု တွေ့ရှိသူများအား သက်ဆိုင်ရာ ကိုဗစ်-၁၉ ရောဂါ ကုသရေး ဆောင်သို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
မျိုးမြတ်(ဆီဆိုင်)