တပ်ကုန်း နိုဝင်ဘာ ၈
တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင် မသန်စွမ်းသူများနှင့်ပတ်သက်၍ အသိပညာပေး (Talk Show) အစီအစဉ်ဆွေးနွေးခြင်းကို ယနေ့နံနက် ၁၀နာရီအချိန်က ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ အဆိုပါဦးစီးဌာနရှိ (Community Centre) ခန်းမတွင် ကျင်းပခဲ့သည်။
အဆိုပါ (Talk Show)တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်တင့်တင့်ခိုင်နှင့် စာရေးဆရာမ ဒေါ်သက်သက်နွယ်၊ တရားလွှတ်တော်ရှေ့နေ ဒေါ်ဝင့်ဝင့်အေး တို့က မသန်စွမ်းသူအမျိုးအစားများ၊ မသန်စွမ်းသူများအတွက် ပြဌာန်းပေးထားတဲ့ အခွင့်အရေး ဥပဒေများ၊ မသန်စွမ်းသူများ၏ ပညာရေးနဲ့ပတ်သက်ပြီး ဥပဒေပါအခွင့်အရေးများ၊ မြန်မာနိုင်ငံ တွင်ရှိသည့် မသန်စွမ်းသူများ၏ ပညာတတ်မြောက်မှုနှုန်း၊ မသန်စွမ်းသူများ၏ နိုင်ငံရေးနှင့် ပြည်သူ့ရေးရာ နယ်ပယ်များတွင် ပါဝင်ဆောင်ရွက်ခွင့်၊ မသန်စွမ်းသူများ အလုပ်အကိုင်ရရှိမှုများ၊ ဘေးအန္တရာယ်တစ်စုံတစ်ခု ပေါ်ပေါက်လာသည့်အခြေအနေများ၊ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာ၌ ဦးစားပေးကယ်ဆယ်ရမည့်အကြောင်းအရာများ၊ မသန်စွမ်းသူများအား မသန်စွမ်းမှု ကို အကြောင်းပြုခွဲခြားဆက်ဆံခြင်းနှင့် အနိုင်အထက်ပြုခြင်းများ၊ ဥပဒေအရ ကာကွယ်ပေးထားသည့် အကြောင်းအရာများကို ဆွေးနွေးခဲ့သည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တပ်ကုန်းမြို့နယ်ရုံးအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတများ ရရှိစေရန် အတွက် Online မှတစ်ဆင့် အသိပညာပေး အစီအစဉ်များကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိရာ အဆိုပါအသိပညာပေး (Talk Show) အစီအစဉ် အပြည့်အစုံကို တပ်ကုန်းမြို့နယ်ပြည်သူ့စာကြည့်တိုက် Facebook page တွင် တင်ဆက်ပေးသွား မည်ဖြစ်ကြောင်း သိရသည်။
တင်စိုးလွင်