လင်းခေးတွင် ကိုဗစ်-၁၉‌ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိ

လင်းခေး နိုဝင်ဘာ ၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ လင်းခေးမြို့နယ်တွင် မြို့နယ်ကိုဗစ်ကော်မတီနှင့် တာဝန်ရှိသူတို့က ကိုဗစ်-၁၉‌ရောဂါ ကာကွယ် ထိန်းချုပ်ကုသရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

လင်းခေးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ခံရသူလူနာများ ဆက်လက်စစ်ဆေး တွေ့ရှိလျက်ရှိသောကြောင့် မြို့နယ်ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ၊ မြို့နယ်ကုသရေးနှင့် ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ လူမှုရေး အသင်းအဖွဲ့များက အဆိုပါလုပ်ငန်းများကို (၁၉--၂၀၂၁) ရက်နေ့မှစတင်ကာ ယနေ့အထိ အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်လျက်ရှိခြင်းဖြစ်သည်။ လုပ်ငန်းများကို အရှိန် အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြရာတွင် ကိုယ်ပိုင်သံသယဖြစ်သူ လူနာများ၊ (Positive) ဖြစ် လူနာများနှင့် ထိတွေ့ဆက်စပ် (Contacts) ပြည်သူများ Quarantine Center ဝင်‌ရောက် လျက်ရှိသူများအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ၊ မရှိ RDT Test စစ်ဆေးပေးခြင်း၊ ကာကွယ်ဆေး ထိုးနှံပေးခြင်း လုပ်ငန်းများအား အချိန်နှင့်တစ်ပြေးညီ မြို့နယ်ပြည်သူ့ဆေးရုံရှိ၊ Fever Corner ၌ မြို့နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဝန်ထမ်းများက နေ့စဉ်ဆောင်ရွက် ပေးလျက်ရှိသည်။

ယနေ့ နိုဝင်ဘာ ၈ ရက်နေ့နံနက်ပိုင်း၌ RDT စစ်ဆေးပေးခြင်း ပြည်သူ (၅၀) ဦးကျော်ကို ဆောင်ရွက်ပေးခဲ့ရာ၊ ကိုဗစ်ပိုးရှိသူ လူနာ()ဦး ထပ်မံတိုးလာခဲ့သည်။

ထို့အပြင် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးမထိုးနှံရသေးသူများနှင့် ဒုတိယအကြိမ် ထိုးနှံရမည့်သူ (၁၀၀) ဦးတို့ကိုလည်း လင်းခေးမြို့အခြေခံပညာအထက်တန်းကျောင်းရှိ ကာကွယ်ဆေးထိုးစုရပ်၌ ယနေ့ဆက်လက် ဆောင်ရွက်ပေးခဲ့သည်။ အလားတူ မြို့နယ်အတွင်းရှိ ကျေးရွာများ အသီးသီးသို့လည်း RDT စစ်ဆေးပေးခြင်း၊ ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့်၍ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိသည်။

လင်းခေးမြို့နယ်အနေဖြင့် ကိုဗစ်-၁၉ရောဂါ ကူးစက်ခံရသူအတည်ပြုလူနာ ယနေ့နံနက်ပိုင်း အပါအဝင် (၆၁၆)ဦး၊ ရောဂါ သက်သာလာပြီးသူ (၄၅၁)ဦး၊ ဆေးရုံဆက်လက် ကုသမှုခံယူလျက်ရှိသူ (၁၅၆+=၁၆၂)ဦးနှင့် ရောဂါကူးစက်သေဆုံးခဲ့သူ အမျိုးသား(၂)ဦး၊ အမျိုးသမီး()ဦး စုစုပေါင်း(၄)ဦး ရှိခဲ့ကြောင်း  သိရသည်။

စိုင်းဇော်လတ်(လင်းခေး)