ကျောက်ဖြူပညာရေးဒီဂရီကောလိပ်၌ နည်းပြ၊ သရုပ်ပြ သစ်လွင်များနှင့် အခြေခံပညာ ဆရာ၊ ဆရာမသစ်လွင်များအား ကြိုဆိုပွဲနှင့် မွမ်းမံသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

ကျောက်ဖြူ  နိုဝင်ဘာ  

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့တွင် ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာန၊ ကျောက် ဖြူပညာရေးဒီဂရီကောလိပ်၌ နည်းပြ၊ သရုပ်ပြသစ်လွင် ဆရာ၊ဆရာမများနှင့် အခြေခံပညာဦးစီးဌာနမှ ဆရာ၊ဆရာမသစ်လွင်များအား ကြိုဆိုပွဲနှင့် မွမ်းမံသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် နာရီက ကျောက်ဖြူပညာရေးဒီဂရီကောလိပ်ရှိ ပညာတန်ဆောင်ခန်းမ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ကျောက်ဖြူမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးမင်းထွဋ် က အဖွင့်အမှာစကား ပြောကြားရာတွင် ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာပညာ သင်ကြားနိုင်ရေးသည် ဆရာ၊ဆရာမများ၏ အဓိကအခန်းကဏ္ဍမှပါဝင်ကြောင်း၊ ဆရာ၊ ဆရာမများသည် အနာဂတ်ကလေးများ၏ လမ်းပြကြယ်များဖြစ်သဖြင့် စိတ်ဓါတ်၊ စည်းကမ်း၊ ပညာ အရည်အသွေးပြည့်ဝရန် လိုအပ်ကြောင်း၊ နိုင်ငံတော်အနေဖြင့် အခြေခံပညာကျောင်းများတွင် လိုအပ်သည့် ဆရာ၊ ဆရာမများကို ဖြည့်ဆည်းခန့်အပ်ပြီး မွမ်းမံသင်တန်း ဖွင့်လှစ်ပို့ချရန် မှာကြားထားကြောင်း၊ ယခုဖွင့်လှစ်သောသင်တန်းတွင် ဆရာတစ်ဦးတွင်ရှိရမည့် အရည်အသွေး ပြည့်မီအောင် ဂရုစိုက်လေ့လာဆည်းပူးကြရန်လိုအပ်ကြောင်းနှင့် အနာဂတ်နိုင်ငံတော်အတွက် လိုအပ်သည့်ထူးချွန်ထက်မြက်သော ကျောင်းသား၊ ကျောင်းသူများ ပေါ်ထွန်းလာအောင် ဆရာ၊ ဆရာမများမှ ကြိုးပမ်းဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း ပြောကြား သည်။

ဆက်လက်ပြီး ကျောက်ဖြူပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီး ဒေါ်မီမီဝင်း က ပညာရေး တာဝန်များကို စတင်ထမ်းရွက်ကြမည့် ဆရာ၊ဆရာမများအား ပညာရေးဝန်ကြီးဌာနကိုယ်စား ကျောက်ဖြူပညာရေး ဒီဂရီကောလိပ်နှင့်အတူ ရခိုင်ပြည်နယ်ပညာရေးမိသားစုမှ ချစ်ခင်နွေးထွေးစွာကြိုဆိုပါကြောင်း၊ ဆရာ၊ ဆရာမများအနေဖြင့် ဆရာအတတ်ပညာဆိုင်ရာ အသိပညာများရရှိစေရန်၊ ပညာရေးဆိုင်ရာ ဘာသာရပ်များအား သိရှိနားလည်စေရန်နှင့် မိမိတို့၏ တာဝန်နှင့် လုပ်ငန်းများကို ကျွမ်းကျင်မှုရှိစေရန် စတဲ့ရည်ရွယ်ချက်တွေနဲ့ နိုင်ငံတော်အဆင့် တစ်နိုင်ငံလုံးတစ်ပြိုင်နက်တည်း ကျင်းပရခြင်းဖြစ်ကြောင်း အဖွင့်အမှာစကားပြောကြားပြီး ပြည်နယ်ပညာရေးမှူးရုံး၊ ဒုတိယညွှန်ကြားရေးမှူး(ပညာ) ဒေါ်အေးအေးခန့် က သင်တန်းဖွင့်လှစ်ပို့ချရခြင်းနှင့်ပတ်သက်၍ အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါသင်တန်းကို ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်များမှ နည်းပြသင်တန်းတက်ရောက်မည့် ဆရာ၊ ဆရာမ () ဦး၊ လက်ထောက်အလယ်တန်းပြ(၂၆)ဦး၊ လက်ထောက်မူလတန်းပြ (၂၀၀) ဦး၊ စုစုပေါင်း သင်တန်းသား၊ သင်တန်းသူ ၂၅၃ ဦးတို့မှ တက်ရောက်ကြမည်ဖြစ်ကာ သင်တန်းကာလမှာ နိုဝင်ဘာလ ရက်နေ့မှ ဒီဇင်ဘာလ ရက်နေ့အထိ စုစုပေါင်း ၂၆ ရက်ကြာ သင်ကြားပို့ချပေးသွား မည်ဖြစ်ကြောင်း သိရသည်။

တင်ထွန်းဦး၊ ဖြိုးဝေလင်း