ရမ်းဗြဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကလေးစာဖတ်ခန်း၌ အရုပ်ဆက်ပြိုင်ပွဲ ကျင်းပ

ရမ်းဗြဲ  နိုင်ဝင်ဘာ 

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူး၍ ကျောင်းသား/ ကျောင်းသူကလေးငယ်များ စာကြည်တိုက်သို့လာရောက်ပြီး စာပေဖတ်ရှု လေ့လာသည့် အလေ့အထကောင်းများ ဖြစ်ပေါ်လာစေရေးနှင့် ဗဟုသုတများ တိုးပွားလာစေရန်ရည်ရွယ်၍ ကလေးစာဖတ်ခန်း၌ အရုပ်ဆက်ပြိုင်ပွဲကို ယနေ့နေ့လယ် ၁၂ နာရီအချိန် က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ကလေးစာဖတ်ခန်းမှ ကလေးငယ်များအတွက် ဗဟုသုတတိုးပွားစေရန် ဆောင်ရွက်ပေးနေမှု အခြေအနေများကို ရမ်းဗြဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်အောင်တင်ကြည်မှ ရှင်းလင်းပြောကြား ပေးပါသည်။

အဆိုပါ အရုပ်ဆက်ပြိုင်ပွဲသို့ ရမ်းဗြဲမြို့၊ အခြေခံပညာအထက်တန်းကျောင်း၊ ပုလုပ်တောင်မှ မူလတန်းအဆင့် ကျောင်းသား/ကျောင်သူများမှ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရှိသည့် ကျောင်းသား/ကျောင်းသူများအား ဆုများအသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

အောင်နိုင်