သထုံမြိုနယ်၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၃)နှစ်မြောက် ဌာနနှစ်ပတ်လည်နေ့ ကျင်းပ

သထုံ   နိုဝင်ဘာ   

မွန်ပြည်နယ်၊ သထုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၃)နှစ်မြောက် ဌာန နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့မွန်းလွဲ နာရီအချိန်ခန့် က မြို့နယ်အထွေအုပ်ချုပ်ရေးဦးစီးဌာန ခန်းမ၌ ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇင်မောင်မောင်နှင့် အဖွဲ့ဝင်များ၊ ဌာနဝန်ထမ်းများ တက်ရောက်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇင်မောင်မောင် က အမှာစကားပြောကြားပြီး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ပေါ်ပေါက်လာခဲ့ပုံသမိုင်းကြောင်းနှင့် ဌာနအနေဖြင့် ခေတ်အဆက်ဆက် အခြားသောဌာနဆိုင်ရာများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့မှု အခြေအနေတို့ကို ရှင်းလင်းပြောကြားသည်။

ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူတို့က ဝန်ထမ်းများသို့ ဌာနနှစ်ပတ်လည်နေ့အမှတ်တရ ဆင်တူဝတ်စုံများပေးအပ်ကာ ဝန်ထမ်းများက  အမှတ်တရလက်ဆောင်ပစ္စည်းများ လဲလှယ်ခြင်း၊ ဧည့်ခံကျွေးမွေးခြင်း စသည့်အစီအစဉ်များကို တပျော်တပါး ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

သထုံ