ပေါင်းတည် နိုဝင်ဘာ ၈
ပဲခူတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့မင်းကွက်(၂)ရပ်ကွက်၊ အနောက်လမ်း၊ မဟာဝိသုတာရာမ စာသင်တိုက် ရေတွင်းညီနောင်ကျောင်း၊ ပြည်ငြိမ်းအောင်ဘုရားဝန်း ဆေးထိုးစုရပ်တွင် ယမန်နေ့ နံနက်ပိုင်းက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးရာတွင် အောက်တိုဘာလအတွင်း ပထမအကြိမ် ကာကွယ်ဆေး ထိုးနှံပေးခဲ့ သော ပြည်သူများ စုစုပေါင်း(၂၉၀)ဦးအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက် ထိုးနှံပေးခြင်းဖြစ်ကြောင်း သိရသည်။
ပေါင်းတည်မြို့တွင် ကာကွယ်ဆေးများကို သတ်မှတ်ဦးတည်အုပ်စုများအလိုက် ဆေးထိုးစုရပ်များ၌ ဆက်လက် ထိုးနှံပေးသွားမည်ဖြစ်ကြောင်းနှင့် ဆေးထိုး ခြင်းလုပ်ငန်းကို ကျန်းမာရေးဝန်ထမ်းများနှင့် အတူ ဌာနဆိုင်ရာများ၊ ပရဟိတလူမှုရေး အသင်းအဖွဲ့များက ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။
အေးအေးဆင့်(ပြန်/ဆက်)