ရွှေဘိုမြို့နယ်တွင် စပါးတစ်ဧကအထွက်နှုန်းတိုးတက်ရေးအတွက် သိပ္ပံနည်းကျ စိုက်ပျိုးစနစ်ဖြင့် စိုက်ပျိုးထားသော ဧက(၁၀၀)စံပြကွက် အောင်မြင်ဖြစ်ထွန်းလျက်ရှိ

ရွှေဘို  နိုဝင်ဘာ  

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်တွင် တိုင်းဒေသကြီးကိုယ်စားပြု စပါးတစ်ဧက အထွက်နှုန်း တိုးတက်ရေးအတွက် သိပ္ပံနည်းကျ စိုက်ပျိုးစနစ်ဖြင့် တစ်ကွင်းတစ်စပ်တည်း ဧက(၁၀၀)စံပြကွက် အောင်မြင်ဖြစ်ထွန်းနေမှုကို ယနေ့နံနက်()နာရီ က  ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း ရွှေဘိုမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

အဆိုပါ တိုင်းဒေသကြီးကိုယ်စားပြု မြင်ချင်ကျေးရွာရှိ စပါးတစ်ဧက အထွက်နှုန်း တိုးတက်ရေးအတွက် သိပ္ပံနည်းကျ စိုက်ပျိုးစနစ်ဖြင့် တစ်ကွင်းတစ်စပ်တည်း ဧက(၁၀၀)စံပြကွက် ရွှေဘိုပေါ်ဆန်းစပါးမျိုး စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းနေမှုများကို စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန ဒုတိုင်းဒေသကြီးဦးစီးမှူး ဦးအောင်ကြည်ဝင်း၊ ခရိုင်ဦးစီးမှူး၊ ခရိုင်သီးနှံ ကာကွယ်ရေးတာဝန်ခံ၊ မြို့နယ်ဦးစီးမှူးနှင့်ကွင်းဝန်ထမ်းများမှ  ကြည့်ရှုခဲ့ပြီး၊ ပိုးမွှားကျရောက်မှု ရှိ/မရှိ ကင်းထောက်မှတ်တမ်းယူခြင်း၊ ကောက်ကွက်ဝင်ဆံ့မှုအခြေအနေများ၊ ပင်ပွှားထွက်ရှိမှု အခြေအနေများကို ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ပြီး ဒုတိုင်းဒေသကြီးဦးစီးမှူးမှ တောင်သူဦးရွှေမောင် အား ကြွက်များကာကွယ်နှိမ်နှင်းရန် ဆေးများ ထောက်ပံ့ပေးအပ်ခဲ့သည်။

ထိုစံပြကွက်ကို မြေယာပြုပြင်ခြင်း၊ ပျိုးထောင်ခြင်း၊ ကောက်စိုက်ခြင်း၊ အပင်ပြုစုခြင်း လုပ်ငန်းများတွင် ခေတ်မီစက်ကိရိယာများကို အသုံးပြုနိုင်သည့် အခြေအနေတွင်ရှိသော  သဖန်းဆိပ်ဆည်ရေသောက် ဧရိယာတွင် ပါဝင်သည့် JICA(AIIP) စိုက်ပျိုးရေးဝင်ငွေတိုးတက်ရေးစီမံကိန်းဖြင့် ဆောင်ရွက်လျက်ရှိသော မြင်ချင်ကျေးရွာရှိ တောင်သူ(၂၅)ဦး၏ စိုက်ဧက(၁၀၀)တွင် ဆောင်ရွက်ထားခြင်းဖြစ်ကြောင်းနှင့် ထိုသို့ သိပ္ပံနည်းကျ စိုက်နည်းစနစ်များကို အသုံးပြုခြင်းဖြင့်  တစ်ဧက စပါးအထွက်နှုန်း အမြင့်ဆုံးအထိ ပိုမိုထွက်ရှိနိုင်ကြောင်း တောင်သူများအား ပညာပေးစည်းရုံးရန်အတွက် လည်ကောင်း၊ ၎င်းနည်းစနစ်ကို တောင်သူများပြည့်ပြည့်ဝဝ သိရှိလိုက်နာ ဆောင်ရွက်နိုင်စေရန်အတွက် လည်းကောင်း၊ မျိုး၊ ဓါတ်မြေဩဇာ၊ သဘာဝမြေဩဇာ စသည့် သွင်းအားစုပစ္စည်းများအား အချိုးကျ၊ အချိန်ကိုက် စနစ်တကျထည့်သွင်းအသုံးပြုတတ်စေရန် လည်းကောင်း၊ တောင်သူအချင်းချင်း နည်းပညာများဖလှယ် စိုက်ပျိုးလုပ်ကိုင်နိုင်စေရန်အတွက် လည်းကောင်း ရည်ရွယ်၍ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဒေါ်ဇာဇာမင်း က ပြောကြားသည်။

ရွှေဘို