ကွမ်းခြံကုန်း ဩဂုတ် ၁၉
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် မြို့မဈေးကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အတွက် ဈေးရောင်းချသူ ဈေးဝယ်ရန် လာရောက်သူများအား နှာခေါင်းစည်း (mask)များ တပ်ဆင်အသုံးပြုရန် အသိပညာ ပေးနှိုးဆော်ခြင်းကို ယမန်နေ့ နံနက်(၇)နာရီမှစ၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါဆောင်ရွက်မှုတွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင် သာယာ ရေး အဖွဲ့မှ တာဝန်ရှိသူများ၊ ဈေးကော်မတီအဖွဲ့ဝင်များ ပူးပေါင်း၍ မြို့မဈေးကြီးအတွင်းနှင့် ကမ်းနားပတ်လမ်း တစ်လျှောက် ဈေးဆိုင် ပိုင်ရှင်များ၊ လမ်းဘေးပျံကျဈေးသည်များ၊ ဈေးရောင်းချသူများအား နှာခေါင်းစည်း(mask) တပ်ဆင်ထားရန်၊ ဈေးဝယ်လာသူများ အား နှာခေါင်းစည်း(mask)တပ်ဆင်ပြီးမှ ဈေးဝယ်ယူခြင်း ပြုကြရန်၊ ဈေးအတွင်း ထားရှိသော လက်ဆေးဘေစင်များတွင် လက်ကို မကြာခဏ ဆေးကြောရန်၊ လူစုလူဝေးရှောင်ရှားရန်၊ ကိုဗစ်ကာလမပြီးဆုံးသေးသည့် အတွက် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန မှ ထုတ်ပြန်ထားသော စည်းကမ်းချက်များကို လိုက်နာကြရန် လိုက်လံအသိ ပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
ထွန်းထွန်းစိုး(ပြန်/ဆက်)