လွိုင်လင် ဩဂုတ် ၁၉
ရှမ်းပြည်နယ်(တောင်ပိုင်း)လွိုင်လင်မြို့နယ် ကိုဗစ် -၁၉ ကာကွယ်ထိန်းချုပ်ရေးကော်မတီမှ ထိုင်းနိုင်ငံ နေရပ်ပြန် ပြည်သူ(၁၈၅)ဦးကို သက်ဆိုင်ရာမြို့နယ်များသို့ ယနေ့နံနက်ပိုင်းက မော်တော်ယာဉ်များဖြင့် ပို့ဆောင် ပေးခဲ့ကြောင်း သိရသည်။
လွိုင်လင်မြို့နယ် ကိုဗစ် -၁၉ ကာကွယ်ထိန်းချုပ်ရေးကော်မတီမှ ထိုင်းနိုင်ငံနေရပ်ပြန်ပြည်သူများကို ပင်လုံတက္ကသိုလ်အဆောင်(ကျူရုံး) နှင့် နည်းပညာတက္ကသိုလ်(ပင်လုံ)တို့တွင် အသွားအလာကန့်သတ် စောင့်ကြည့်မှု စခန်းဖွင့်လှစ်၍ထားရှိသည်။ ပင်လုံတက္ကသိုလ်အဆောင်(ကျူရုံး)တွင် နေရပ်ပြည်ပြည်သူ(၉၅)ဦး၊ နည်းပညာ တက္ကသိုလ်(ပင်လုံ)အဆောင်တွင် (၉၀)ဦးတိုးအားထားရှိပြီး၏ ၎င်းတို့၏နှာခေါင်းနှင့် အာခေါင်တို့ဖတ် များ နမူနာရယူပြီး အမျိုးသားကျန်းမာရေးဓာတ်ခွဲစစ်ဆေးမှုဌာန(ရန်ကုန်) သို့ ဩဂုတ်လ(၁၆) ရက်နေ့ က ပေးပို့စစ် ဆေးခဲ့ရာ အားလုံးတွင်ရောဂါပိုးမတွေ့ရှိကြောင်း လွိုင်လင်မြို့နယ် ကိုဗစ် -၁၉ ကာကွယ်ထိန်းချုပ်ရေး ကော်မတီမှ ဒေါက်တာနေဦး ထံမှသိရသည်။
အဆိုပါ ပင်လုံတက္ကသိုလ် အဆောင်(ကျူရုံး) မှ(၉၅) ဦးနှင့် နည်းပညာတက္ကသိုလ်(ပင်လုံ)မှ (၉၀)ဦး ၊ စုစုပေါင်း (၁၈၅တို့အား လွိုင်လင်မြို့နယ် ကန့်သတ်စောင့်ကြည့်ရေးစခန်းတွင်(၁၂)ရက်ထားရှိပြီး ကျန်းမာရေး ထောက်ခံ ချက်လက်မှတ်များ ပေးအပ်ကာ သက်ဆိုင်ရာနေရပ်အသီးသီးသို့ မော်တော်ယာဉ်များဖြင့် ပို့ဆောင်ပေးခဲ့ကြောင်း နှင့် သက်ဆိုင်ရာမြို့နယ်တွင် ကန့်သတ်စောင့်ကြည့်ရေးကာလ ပြီးဆုံးရန် ကျန်ရှိနေသေးသည့် (၉)ရက်ကို သတ်မှတ်စည်းကမ်းများနှင့် အညီနေထိုင်သွားရမည်ဖြစ်သည်။
ဆက်လက်၍ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းလွင် နှင့် ဒေါက်တာနေဦးတို့က ထောက်ခံချက် လက်မှတ်များ ပေးအပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ နေရပ် သို့ပြန်ရောက်ကြသည့် ပြည်သူများကိုမေတ္တာ ဖောင်ဒေးရှင်း (တောင်ကြီး) က တစ်ဦးလျှင် ကျပ်တစ်သောင်းခွဲနှုန်းဖြင့် နည်းပညာတက္ကသိုလ်(ပင်လုံ)မှ (၉၀)ဦး တို့အား ထောက်ပံ့ပေးခြင်း ၊ ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေးငယ်မိဘများအား ကွေကာအုပ် ၊ အိုဗာတင်းများ ပေးဝေခဲ့ကြောင်းသိရသသည်။
မိုးလွင်ဦး(လွိုင်လင်)