အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(၃၃)နှစ်မြောက်နှစ်ပတ်လည်နေ့အထိမ်းအမှတ်ဖြစ် အရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းခြင်းနှင့်အမှတ်တရလက်ဆောင်ပစ္စည်းများပေးအပ်

လပွတ္တာ  နိုဝင်ဘာ  ၇

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန(၃၃)နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ်ဖြစ် အရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းခြင်းနှင့် မှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ခြင်းကိုခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဋ္ဌာန အစည်းအဝေး ခန်းမ၌ယ​နေ့ နံနက် ၇ နာရီအချိန်က ကျင်းပသည်။

အခမ်းအနားတွင် ဆရာတော်အရှင်သူမြတ်များထံမှ ငါးပါးသီလခံယူခြင်းနှင့်လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်းနှင့် ရေစက်ချတရားတော်များနာယူခဲ့ကြသည်။      

ထို့နောက် ဖိတ်ကြားထားသည့်ဋ္ဌာနဆိုင်ရာများ၊  ဧည့်သည်​တော်များအားကျွေးမွေးဧည့်ခံ ခဲ့ပြီး ထို့နောက် ပြည်ထဲရေးဝန်ကြီးဌာနဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်အထွေထွေ အုပ်ချုပ် ရေးဦးစီးဌာန(၃၃)နှစ်မြောက်နှစ်ပတ်လည်နေ့ အခမ်းအနားကို ဆက်လက်ကျင်းပရာ ခရိုင် အုပ်ချုပ်ရေးမှုး ဦးဇော်မျိုးညွှန့်က အမှာစကားပြောကြားပြီး ခရိုင်အုပ်ချုပ်ရေးမှူးမှ ကံစမ်းမဲ အစီ အစဉ်ဖြင့် အမှတ်တရလက်​​ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်းသိရသည်။

ခရိုင် (ပြန်/ဆက်)