ညောင်တုန်းမြို့တွင်(၃၃)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ နှစ်ပတ်လည်နေ့အခမ်းအနားကျင်းပ

ညောင်တုန်း  နိုဝင်ဘာ ၇

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် (၃၃)နှစ်မြောက် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၏ နှစ်ပတ်လည်နေ့အခမ်းအနားကို  ယနေ့ နံနက် ၉နာရီခွဲ အချိန်ခန့်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ရှေ့ဦးစွာ (၃၃)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ နှစ်ပတ်လည်နေ့အထိမ်း အမှတ် အဖြစ် မြို့နယ်သံဃာ့နာယက ဥက္ကဋ္ဌဆရာတော်အား ဆွမ်းစရိတ်ဝတ္ထုငွေများ သွားရောက် ဆက်ကပ်လှူဒါန်းခဲ့ပြီး အခမ်းအနားကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေး ခန်းမ၌ ဆက်လက်ကျင်းပရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စိုးမှ နှစ်ပတ်လည်နေ့နှင့် ပတ်သက်၍ ဆွေးနွေးပြောကြားခဲ့ပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများနှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးတို့အား အဝတ်အထည်များထောက်ပံ့ပေးအပ်ခြင်း၊ ကံစမ်းမဲ များဖောက်ပေးခြင်းနှင့် လက်ဖက်ရည်၊ မုန့်များဖြင့်ကျွေးမွေးဧည့်ခံခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်ဆက်)