ညောင်ရွှေမြို့၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့ အခမ်းအနားကျင်းပ

ညောင်ရွှေ    နိုဝင်ဘာ    ၇

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၃)နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားကို ယနေ့နံနက်  နံနက် ၁၀ နာရီက ညောင်ရွှေမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ ကျင်းပကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်ဦးက ဌာန၏ သမိုင်းကြောင်းနှင့် နှစ်ပတ်လည်နေ့ အခမ်း အနား ကျင်းပရသည့် ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ မြို့နယ် အုပ်ချုပ် ရေးမှူးနှင့် တာဝန်ရှိသူများက ဂုဏ်ထူးဆောင်ဆုတံဆိပ်ရရှိသည့် ဝန်ထမ်းများကို ဆုတံဆိပ်နှင့် ဂုဏ်ထူးဆောင်လက်မှတ်များ ပေးအပ်ပြီး ဌာနဝန်ထမ်းများ၊ ရပ်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ် ရေးမှူးများကို တူညီဝတ်စုံများ၊ အငြိမ်းစား ဝန်ထမ်းများကို အမှတ်တရလက်ဆောင်များ ပေးအပ်ချီး မြှင့်သည်။ ထို့နောက် ဌာနဝန်ထမ်းများကို အမှတ်တရလက်ဆောင်ပစ္စည်းများ မဲဖောက်ပေးခဲ့ ကြောင်း သိရသည်။

(နေမျိုးသူရိန်)