ကဝမြို့နယ်၌ ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကျင်းပ

ကဝ နိုဝင်ဘာ ၇

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်၌ မြို့နယ်ငါးလုပ်ငန်း ဦးစီးဌာနမှ ၂၀၂၁ခုနှစ်၊ အောက်တိုဘာလမှ၂၀၂၂ခုနှစ် မတ်လအထိ (၆လဘဏ္ဍာနှစ်)အတွက် ငါးသယံဇာတများ ရေရှည်စဉ်ဆက်မပြတ် ဖွံဖြိုးတိုးတက်စေပြီး ငါးရိက္ခာဖူလုံစေရန်အတွက် ငါးမျိုး စိုက်ထည့်ခြင်း အခမ်းအနားကို ယနေ့နံနက်(၉:၀၀)နာရီအချိန်က ပဲခူး-ကဝမြစ်ကူး တံတားတွင် ကျင်းပဆောင်ရွက်ခဲ့သည်။

အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ကျော်မိုး၊ ဒုတိယ တိုင်းဒေသကြီး ဦးစီးမှူး ဦးစိုးမင်း၊ ပဲခူးခရိုင် ငါးလုပ်ငန်းဦးစီးမှူး ဦးဇော်မြင့်နိုင် ကဝမြို့နယ် ငါးလုပ်ငန်း ဦးစီးဌာနမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ်ငါးမျိုးစိုက်ထည့်  ကြီးကြပ်ကော်မတီ အဖွဲ့ဝင်များ၊ ရေလုပ်သားကြီးများက ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ကဝမြို့နယ် ပဲခူးမြစ်အတွင်းသို့ ငါးမျိုးများ စိုက်ထည့်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ငါးမျိုးစိုက်ထည့်ခြင်းကို ပဲခူးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန၊ ပဲခူးခရိုင် ငါးလုပ်ငန်း ဦးစီးဌာနတို့၏ ကြီးကြပ်မှုဖြင့် ငါးသယံဇာတများ မပြုန်းတီးစေရေး၊ ငါးရိက္ခာ ဖူလုံစေရေး၊ ငါးစားသုံးမှု မြင့်မားလာစေရေးတို့အတွက် ရည်ရွယ်၍ ကဝမြို့နယ် ပဲခူးမြစ် အတွင်းသို့ (၂)လက်မအရွယ် ငါးမြစ်ချင်းသားပေါက်ကောင်ရေ (၁၅၀၀၀၀)၊ ငါးခုံးမကြီး ငါးသားပေါက်ကောင်ရေ (၁၀၀၀၀၀)၊ စုစုပေါင်း ကောင်ရေ(၂၅၀၀၀၀)အား ငါးမျိုး စိုက်ထည့်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်