အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်အထိမ်းအမှတ် အခမ်းအနားကျင်းပ

ကျိုက်လတ် နိုဝင်ဘာ ၇

ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏  နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ကျိုက်လတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ရွှေဝါလတ်ခန်းမ၌ ကျင်းပခဲ့ရာမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့မိမြို့ဖများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းသိန်းအောင်က အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၏ သမိုင်းကြောင်းကို ရှင်းလင်းပြောကြားပြီး ထူးချွန်ဝန်ထမ်းများအား ဂုဏ်ပြုဆုလက်ဆောင် ချီးမြှင့်ခြင်း၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ဝန်ထမ်းများအား နှစ်ပတ်လည်နေ့ အမှတ်တရ လက်ဆောင်ပေးအပ်ခြင်း၊ အငြိမ်းစားဝန်ထမ်းများ လက်ဆောင်ပစ္စည်းများ ပေးအပ်ခြင်း၊ အလှူရှင်များအားလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။

ထို့နောက်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းသိန်းအောင် ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး တက်ရောက်လာသည့် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ မြို့မိမြို့ဖများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ အလှူရှင်များ၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနဝန်ထမ်းများအား နေ့လယ်စာဖြင့်ဧည့်ခံခဲ့ကြောင်း သိရသည်။

ဌေးဌေးလှိုင်