ညောင်တုန်းမြို့ မြတောင်ကျောင်းတိုက်ဝန်းအတွင်းရှိ အောက်ဆီဂျင်စက်ရုံ ဖွင့်ပွဲအခမ်းအနားကျင်းပ

ညောင်တုန်း   နိုဝင်ဘာ  ၇

ဧရာဝတီတိုင်း‌ဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ မြတောင်‌ကျောင်းဝန်းအတွင်း We Love Nyaungdon လူမှုပရဟိအဖွဲ့ဦးဆောင်၍ အလှူရှင်မိဘပြည်သူ များစုပေါင်းပါဝင်လှူဒါန်းသည့် အောက်ဆီဂျင်စက်ရုံဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီ အချိန်က ကျင်းပခဲ့သည်။

အခမ်းအနားတွင် We Love Nyaungdon လူမှုပရဟိတအဖွဲ့ နာယကဆရာတော်ဥူးသုမန၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ လူမှုရေးအသင်းအဖွဲ့များ ဆရာတော်များထံမှ ငါးပါးသီလခံယူပြီး ပရိတ်တရားတော် များရွတ်ဖတ်သရယ်ဈယ်၍ အောက်ဆီဂျင်စက်ရုံအား အမွေးနံသာရေများပက်ဖျန်းကာ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး အောက်ဆီဂျင်စက်ရုံတည်ဆောက်ရေးကော်မတီ အတွင်းရေးမှူး ဦးတင်နိုင်မှ စက်ရုံတည်ဆောက်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ အောက်ဆီဂျင်စက်မှာ Mobile Oxygen Plant 20Nm³(Containerized) အမျိုးအစား ဖြစ်ပြီး ညောင်တုန်းမြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ရောဂါကာကွယ်ကုသရေးနှင့် အခြားသောကုသ ရေးများတွင် အောက်ဆီဂျင်လိုအပ်‌သောလူနာများ လောက်စွာရရှိစေရန်ရည်ရွယ်၍ တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

မြို့နယ်(ပြန်ဆက်)