ဝက်လက်မြို့နယ်အတွင်းရှိ ကာကွယ်ဆေး မထိုးနှံရသေးသည့် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူ များအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး  ဆက်လက်ထိုးနှံပေးလျက်ရှိ

ဝက်လက် နိုဝင်ဘာ ၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်အတွင်းရှိ ကာကွယ်ဆေး မထိုးနှံရသေး သည့် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး Phase-3 (ပထမအကြိမ်)အဖြစ် ဝက်လက်မြို့ ဘုရားကြီးအတွင်းရှိ ဝင်းလက်ရွှေရည်ဇာတ်ရုံတွင် ယနေ့ ၉ နာရီမှ စတင်ကာ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Phase-3 (ပထမအကြိမ်)ထိုးနှံပေးခြင်းကို ဆေး တစ်လုံးလျှင် လူဦးရေ(၅)ဦးနှုန်း ထိုးနှံပေးလျက်ရှိရာ အောက်တိုဘာ ၂၈ ရက်နေ့မှ နိုဝင်ဘာ ၆ ရက်နေ့အထိ ကာကွယ်ဆေး အလုံး (၆၈၉)ကို လူဦးရေ (၃၄၄၄) အား ထိုးနှံပေးခဲ့ပြီးဖြစ် ကြောင်း သိရသည်။

ထိုသို့ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းများ ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှ ဝန်ထမ်းများက ကျန်းမာ ရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကာကွယ်ဆေးထိုးနှံ သူများအား ကိုယ်အပူချိန် တိုင်းတာခြင်း၊ အသက်(၄၀)နှစ်နှင့်အထက် ကာကွယ်ဆေး လာရောက်ထိုးနှံသူများအား ဆီးချိုရှိ၊မရှိကျန်းမာရေး စစ်ဆေးပေးခြင်း များကို ဆောင်ရွက်ပေးခဲ့သည်။

ဝက်လက်မြို့နယ်တွင် ယခင်က ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ဝက်လက်မြို့ အ.ထ.ကကျောင်းဝင်းအတွင်းတွင် ဆောင်ရွက်ခဲ့သော်လည်း ယခုအခါ စာသင်ကျောင်းများ ပြန်လည် ဖွင့်လှစ်နေပြီဖြစ်သောကြောင့် ဝက်လက်မြို့ ဘုရားကြီးဝင်းအတွင်း ဝင်းလက်ရွှေရည် ဇာတ်ရုံသို့ ပြောင်းရွှေ့ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

မေဇင်ကိုကို(ဝက်လက်)