တနင်္သာရီ နိုဝင်ဘာ ၇
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ် တမုတ်ချုန်းကျေးရွာအုပ်စု ရေဖြူ ကျေးရွာရှိ ရွှေကမ္ဘောဇဆီအုန်းကုမ္ပဏီအစည်းအဝေးခန်းမတွင် ယမန်နေ့ ၉ နာရီအချိန်က အိမ်ထောင်စုလူဦးရေ စာရင်းနှင့်နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခြင်းကို လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး ရုံးမှ လက်ထောက်မြို့နယ်ဦးစီးမှူး ဦးတင့်နိုင်နှင့် ဝန်ထမ်းများက ရေဖြူကျေးရွာရွှေက မ္ဘောဇဆီ အုန်းကုမ္ပဏီတွင် ပန်းခင်းစီမံချက်ပထမနေ့အဖြစ် နိုင်ငံသားစိစစ်ရေးကတ် အသက်(၁၀)နှစ်ပြည့် နိုင်(၃)(က)၊ အသက်(၁၈)နှစ်ပြည့်နိုင်-၆(က) ပြုလုပ်ပေးခြင်း၊ လဲလှယ်ခြင်း၊ ပျောက်ဆုံး/ ပျက်စီး၍ မိတ္တူထုတ်ပေးခြင်းနှင့် အိမ်ထောင်စုလူဦးရေစာရင်းများကို ပြုလုပ်ပေးရာတွင် နိုင်ငံသားစိစစ်ရေးကတ်ပြုလုပ်သူ(၃၆)ဦး၊ အိမ်ထောင်စုလူဦးရေစာရင်း (၄၅)ခုကို ပြုလုပ်ပေးခဲ့ ကြောင်း သိရသည်။
ယင်းနောက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ တနင်္သာရီမြို့နယ် ဦးစီးမှူး ရုံးမှ တာဝန်ရှိသူများက "လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့" ဆောင်ပုဒ်အရ "ပန်းခင်းစီမံချက်" ဖြင့်ဆောင်ရွက်ပေးလျက်ရှိသော ဌာနလုပ်ငန်းများအား ဒေသခံပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလာစေရန် ရည်ရွယ်ချက်ဖြင့် ပြည်သူများကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုး ရရှိရေးအတွက် ရပ်ကွက်/ကျေးရွာများအရောက် ကွင်းဆင်းဆောင်ရွက်ပေး နေမှု၊ အိမ်ထောင်စုစာရင်းမရှိသူများ၊ နိုင်ငံသားကတ်မရှိသူများအနေဖြင့် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးများမှစာရင်းလာကောက်ချိန်တွင် မှန်ကန်စွာစာရင်းပေးသွင်းခြင်းဖြင့် အချိန်တို အတွင်း အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ရရှိမည် ဖြစ်ကြောင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားရရှိခြင်းဖြင့် မိမိတို့၏ လူမှုရေး၊ စီးပွားရေး၊ ပညာရေး အလုပ်အကိုင်ရရှိရေးစသော လူမှုစီးပွားဘဝမြှင့်တင်နိုင်မည်ဖြစ်ကြောင်း စသည့်အချက်များ ပါဝင်သည့်လက်ကမ်းစာစောင်(၁၀၀)စောင်ကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
သီသီခိုင်(တနင်္သာရီ)