ဒေးဒရဲမြို့၌ မြန်မာနိုင်ငံမီးသတ်ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးရဲမင်းသူနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ မိသားစုဝင်များ တွေ့ဆုံပွဲကျင်းပ

ဒေးဒရဲ   ဩဂုတ် ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် မီးသတ်ဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊   မီးသတ်မိသားစုဝင်များ တွေ့ဆုံပွဲကို ယနေ့နံနက် ၉ နာရီ ၃၀ မိနစ်က ကျင်းပသည်။

အခမ်းအနားတွင် မြန်မာနိုင်ငံမီးသတ်ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးရဲမင်းသူက အမှာစကားပြောကြားခဲ့ပြီး ဒေးဒရဲမြို့နယ် မီးသတ်ဦးစီးဌာနမှူး ဦးတင်ဌေးက မီးသတ်စခန်းရှိ ယာဉ်၊ စက်များ၊ မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေ ကယ်ဆယ်ရေး ပစ္စည်းများ အဆင်သင့်ရှိစေရေး ဆောင်ရွက်ထားရှိမှု အခြေအနေများကို ပြန်လည်တင်ပြ ဆွေးနွေးခဲ့သည်။

ထို့နောက် မီးသတ်စခန်းရှိ ယာဉ်၊ စက်များ၊ အိမ်ထောင်သည် လိုင်းခန်းများ၊ မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေး ပစ္စည်းများ အသင့်ရှိစေရေးနှင့် စခန်းသန့်ရှင်း သပ်ရပ်မှုများအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များအား မှာကြားခဲ့ကြောင်း သိရသည်။

မြင့်မြင့်ခိုင်(ပြန်/ဆက်)