ရေကြည် နိုဝင်ဘာ ၆
၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျရောက်မည့် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၏ (၃၃)နှစ်မြောက် နှစ်ပတ်လည်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင် ရေကြည်မြို့နယ်၊ ကွင်းသုံးဆင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးသစ် ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းဝင်းက အုပ်ချုပ်ရေးမှူး ရုံးသစ်အား စက်ခလုပ်နှိပ်ဖွင့်လှစ်ခဲ့ပြီး ကမ္ဗည်းမော်ကွန်းကို အမွေးနံ့သာရည်များ ပက်ဖျန်း ခဲ့သည်။
ဆက်လက်၍ အုပ်ချုပ်ရေးမှူးရုံးသစ်အား မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက လှည့်လည် ကြည့်ရှု စစ်ဆေး ခဲ့သည်။
အဆိုပါရုံးသစ်မှာ (RC)တစ်ထပ်ဆောင်ဖြစ်ပြီး အလျား(၂၇ )ပေ၊ အနံ ၁၈)ပေနှင့် အမြင့်(၁၂)ပေဖြင့် တည်ဆောက်ပြီး ၂၀၂၀-၂၀၂၁ဘဏ္ဍာနှစ် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ခွင့်ပြုငွေကျပ် ကိုးဆယ်ကိုးသိန်း ငါးသောင်းကျပ်ဖြစ်ပြီး၊ ပြည်သူထည့်ဝင်ငွေမှာ ငွေကျပ် နှစ်ဆယ်ခြောက်သိန်းလေးသောင်းနှင့် စုစုပေါင်းကုန်ကျငွေမှာ ငွေကျပ် တစ်ရာနှစ်ဆယ်ငါးသိန်း ကိုးသောင်းဖြင့် တည်ဆောက်ခဲ့ကြောင်း သိရသည်။
အောင်သူဟန်(ပြန်/ဆက်)