လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်များ ပျက်စီးမှုအတွက် ထောက်ပံ့ကြေးငွေများပေးအပ်

ကန်ကြီးထောင့် နိုဝင်ဘာ ၆

ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်၊ အပင်နှစ်ဆယ်ကျေးရွာတွင် နိုဝင်ဘာလ ၂ ရက်နေ့က လေပြင်းများ တိုက်ခတ်မှုကြောင့် နေအိမ် ၄ လုံးနှင့် ဘုန်းကြီးကျောင်းဆောင် ၁ ခု ပျက်စီးမှု ဖြစ်ပါ်ခဲ့သည်။

လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် နေအိမ် ၄ လုံးနှင့် ဘုန်းကြီး ကျောင်းဆောင် ၁ ခုအတွက် ပုသိမ်ခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနက ယမန်နေ့ နံနက်ပိုင်းတွင် လေဘေးသင့်ခဲ့သည့် နေအိမ်နှင့်ကျောင်းဆောင် ပြန်လည်ဆောက်လုပ်ရန်အတွက် ပစ္စည်းဖိုးထောက်ပံ့ငွေ ကျပ် ၆ သိန်း၊ လေဘေးသင့်လူဦးရေ ၂၀ ဦးအတွက် ၇  ရက်စာ ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေကျပ် ၄ သောင်း ၂ ထောင်ကျပ်၊ စုစုပေါင်းရန်ပုံငွေကျပ် ၆ သိန်း ၄ သောင်း၂ ထောင် ကျပ်အား ထောက်ပံ့ပေးအပ် ခဲ့ကြောင်း သိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)