ရခိုင်ပြည်နယ် မောင်တောမြို့၌ ဦးတည်အုပ်စုတွင် ပါဝင်သူများအနက် ၇၀၅၅ ဦးအား ကိုဗစ်တတိယအသုတ် (ပထမ)အကြိမ်အဖြစ် ကိုဗစ်-၁၉ ကာကွယ်ဆေး ဆက်လက် ထိုးနှံပေးပြီးဖြစ်

မောင်တော နိုဝင်ဘာ ၆

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ဦးတည်အုပ်စုတွင် ပါဝင်သည့်သူများအား တတိယအသုတ် (ပထမ)အကြိမ်အဖြစ် ကိုဗစ်-၁၉ကာကွယ်ဆေး ယမန်နေ့က သတ်မှတ်နေရာများတွင် ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ကာကွယ်ဆေး ထိုးနှံခြင်းမပြုမီ  အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ စာရင်းများ မှတ်ယူခြင်း၊ ကျန်းမာရေး ဝန်ထမ်းများအားက လာရောက် ထိုးနှံသည့် ဦးတည်အုပ်စုတွင် ပါဝင်သည့်သူများအား ကိုယ်အပူချိန် တိုင်းတာခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်း၊ ကျန်းမာရေး စစ်ဆေးခြင်းများကို ဆောင်ရွက်ပေးကာ ပုံမှန်အခြေအနေ ရှိမှသာ စနစ်တကျ ကာကွယ်ဆေး ထိုးနှံပေးပြီး ထိုးနှံပြီးသည့်သူများကို မိနစ် ၃၀ ခန့်အနားယူ စေကာ ကာကွယ်ဆေး ထိုးနှံနေမှုများအား ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများက ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

အဆိုပါ ဦးတည်အုပ်စုတွင် ပါဝင်သည့်သူများအား တတိယအသုတ် (ပထမ) အကြိမ်အဖြစ် နိုဝင်ဘာ (၅) ရက်နေ့တွင် လူဦးရေ ၄၅၀ ဦးအား ဆက်လက်ထိုးနှံပေးခဲ့ရာ ကာကွယ်ဆေး ထိုးနှံပြီးစီးသူ နိုဝင်ဘာ(၅)ရက်နေ့ထိ ကာကွယ်ဆေးထိုးနှံပြီးသူ စုစုပေါင်းထိုးနှံပြီးစီးသူ (၇၀၅၅)ဦးအား ကျန်းမာရေး ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ထိုးနှံပေးခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

သက်လွင်စိုး ခရိုင်(ပြန်/ဆက်)