ဖျာပုံ သြဂုတ် ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကျင်းပရာ၌ အသက် (၁၈) နှစ်ပြည့်ပြီးသူတိုင်း ဆန္ဒမဲပေးပိုင်ခွင့် မဆုံးရှုံးစေရေးအတွက် နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသောသူများ၊ မဲဆန္ဒရှင် စာရင်းတွင် အကွက်အပေါက်များမဖြစ်ပေါ်စေရန်ရည်ရွယ်၍ ဖျာပုံမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဆိုင်ရာ မြို့နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဖျာပုံမြို့နယ် ကျုံကဒွန်းကျေးရွာအုပ်စု၌ ယနေ့နံနက် ၉ နာရီအချိန်က ကျုံကဒွန်း ကျေးရွာ အလယ်တန်းကျောင်းခွဲ၌ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ကြသည်။
ဖျာပုံမြို့နယ် ကျုံကဒွန်းကျေးရွာအုပ်စု မဲဆန္ဒရှင်စာရင်းတွင် ပါဝင်သော်လည်း အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံသား စိစစ်ရေး ကတ်ပြားမရှိသူများ၊ အသက် (၁၈) နှစ်ပြည့်ပြီးသူတိုင်း ဆန္ဒမဲပေးပိုင်ခွင့် မဆုံးရှုံးစေရေးအတွက် နိုင်ငံသားစိစစ်ရေး ကတ်ပြား မရှိသောသူများ၊ မဲဆန္ဒရှင်စာရင်းတွင် အကွက်အပေါက်များ မဖြစ်ပေါ်စေရန်အတွက် ဖျာပုံမြို့နယ် လူဝင်မှုကြီးကြပ်ရေး နှင့် ပြည့်သူ့အင်အားဆိုင်ရာဦးစီးမှူး ဦးသိန်းဇော်နှင့် ဝန်ထမ်းများသည် ကျုံကဒွန်းကျေးရွာရှိ နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသော ပြည်သူ (၂၅၀) ဦးခန့်အား ကွင်းဆင်းဆောင်ရွက် ပေးလျက်ရှိပြီး၊ ကျန်ရှိနေသော ရပ်ကွက်/ကျေးရွာများကိုလည်း ဆက်လက် ဆောင်ပေးသွားမည်ဖြစ်ကြောင်း၊ လူစုလူဝေး မဖြစ်ပေါ်စေရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့် အညီဆောင်ရွက် ပေးလျက်ရှိကြောင်း သိရှိရသည်။
အောင်ဝင်းနိုင် (ခရိုင်ပြန်/ဆက်)