နတ်မောက်မြို့နယ် ကျေးရွာများရှိ စာဖတ်သူများထံသို့ စာအုပ်၊ စာစောင်များသွားရောက် ငှားရမ်းပေး

နတ်မောက် ဩဂုတ် ၁၉

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း တို့ ပူးပေါင်း၍ ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ်ဖြင့် ယမန်နေ့နံနက်(၁၀) နာရီအချိန်က ကျွဲမင်းကျကျေးရွာနှင့် မရိုးတောကျေးရွာများရှိ စာဖတ်သူများထံသို့ စာအုပ်၊ စာစောင်များ သွားရောက် ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

ထိုသို့ စာအုပ်၊ စာစောင်များ ငှားရမ်းပေးခြင်းဖြင့် စာပေဝါသနာရှင်များ စာအုပ်၊ စာပေဖတ်ရှုလေ့လာ  စေရန်၊ စာဖတ်ရှိန်မြင့်မား လာစေရန်နှင့် ကလေးငယ်ပြည်သူများ စာပေဗဟုသုတတိုးပွားလာစေရန် ရည်ရွယ်၍ စာအုပ်၊ စာစောင်များ ငှားရမ်းပေးလျက်ရှိပြီး နတ်မောက်မြို့နယ်အတွင်းရှိ ကျေးရွာများသို့ နှစ်ပတ်လျှင် တစ်ကြိမ်စာအုပ်များ အသစ်လဲလှယ် ငှားရမ်း ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။

လှဝင်း ( နတ်မောက်)