ကန်ကြီးထောင့်မြို့၌တိုင်းဒေသကြီး အထွေထွေပိုလျှံရန်ပုံငွေဖြင့် ၊ နဝဒေးလမ်း ကွန်ကရစ်ခင်းခြင်း လုပ်ငန်း ဆောင်ရွက်

ကန်ကြီးထောင့်  ဩဂုတ် ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ် စည်ပင်သာယာရေးကော်မတီ၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီးအထွေထွေပိုလျှံရန်ပုံငွေ (GRF) ဖြင့် အမှတ် ၃ ရပ်ကွက်ရှိ နဝဒေးလမ်း (ကော်မရှင်ရုံးလမ်း) အား ကွန်ကရစ် ခင်းခြင်း လုပ်ငန်းကို ဩဂုတ် ၁ ရက်နေ့မှ စတင်ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။

အဆိုပါ ကွန်ကရစ်လမ်းမှာ အရှည် ၄၇၅ ပေ၊ အကျယ် ၁၂ ပေနှင့် အမြင့် ၆ လက်မထုရှိ ကွန်ကရစ်လမ်း ဖြစ်ပြီး တိုင်းဒေသကြီး အထွေထွေပိုလျှံရန်ပုံငွေကျပ် ၁၅၁ သိန်း ၅ သောင်းတစ်ထောင်ဖြင့် တင်ဒါအောင်မြင် သည့် အောင်မျိုးမင်းကုမ္ပဏီမှ တာဝန်ယူ ဆောင်ရွက်လျက်ရှိကာ သတ်မှတ်စံချိန်၊ စံညွှန်းများနှင့်အညီ လုပ်ငန်း အချိန်မီ ပြီးစီးရေးအတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ တာဝန်ခံအင်ဂျင်နီယာ ဦးပြည့်ဖြိုးပိုင် က အနီးကပ်ကြီးကြပ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ ကွန်ကရစ်လမ်း ပြီးစီးသွားပါက ကော်မရှင်ရုံးသို့ လာရောက်သူများနှင့် လမ်းနေပြည်သူများ၏ ဆက် သွယ်သွားလာရေးများ အဆင်ပြေ‌ချောမွေ့လာတော့မည်ဖြစ်ကြောင်း သိရသည်။

နန်းထိုက် (ပြန်/ဆက်)