နမ့်ဆန် သြဂုတ် ၁၉
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်၌ ယမန်နေ့ညပိုင်းမှ ယနေ့ နံနက်အထိ မိုးများအဆက်မပြတ်ရွာသွန်းမှုကြောင့် နမ့်ဆန်−လားရှိုး−သီပေါ−မန္တလေးသို့ သွားရာလမ်း လီလုကျေးရွာ လီလုတံတားအကျော် နမ္မတူမြို့နယ် ရေအိုးကျေးရွာဘက်ခြမ်းရှိ ကားလမ်းမပေါ်တွင် သစ်ပင်ကြီး တစ်ပင်လဲကျပိတ်ဆို့မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါသစ်ပင်ကြီးလဲကျပိတ်ဆို့နေသည့်အတွက် ကျောက်မဲ−လားရှိုး−သီပေါ−မန္တလေးသို့ ပြေးဆွဲ နေသည့် ခရီးသည်ယာဉ်များ ဖြတ်သန်းသွားလာရန် အခက်အခဲရှိနေပြီး နမ့်ဆန်ဘက်ခြမ်း (၁၇)မိုင်မတွင်လည်း မြေနံရံအနည်းငယ် ပြိုကျမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အောင်မိုး (နမ့်ဆန် ပြန် ဆက်)