ရွှေသောင်ယံမြို့စည်ပင် သာယာရေးကော်မတီမှ ငွေလုံးငွေရင်းလုပ်ငန်းများအိတ်ဖွင့် တင်ဒါဖွင့်ပွဲ အခမ်းအနား ပြုလုပ်

ချောင်းသာ နိုဝင်ဘာ ၂

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့  စည်ပင်သာယာရေးဝန်ကြီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့၊ ရွှေသောင်ယံမြို့စည်ပင်သာယာရေးကော်မတီမှ ငွေလုံးငွေရင်း လုပ်ငန်း များအိတ်ဖွင့် တင်ဒါဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီအချိန်က ချောင်းသာမြို့ စည်ပင် သာယာရေးအဖွဲ့ရုံး(ရိပ်သာ)၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ချောင်းသာမြို့စည်ပင်သာယာရေးအမှုဆောင်အရာရှိ ဦးတင်လှမိုးက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး၊ အိတ်ဖွင့်တင်ဒါများကို ကုမ္ပဏီများရှေ့တွင် ဖွင့်ဖောက်စစ်ဆေးခဲ့ရာ တင်ဒါအောင် မြင်ခဲ့သော ဥဿာဧရာ ကုမ္ပဏီအား သတ်မှတ်ထားသော စံချိန်စံညွန်းများနဲ့အညီ လုပ်ကိုင်နိုင်ရေး ပြောကြားခဲ့ပါသည်။ ထို့နောက် တင်ဒါအောင်မြင်ခဲ့သော ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ကျေးဇူး တင် စကားပြန်လည်ပြောကြားခဲ့သည်။

ရွှေသောင်ယံမြို့စည်ပင်သာယာရေးကော်မတီမှ ငွေလုံးငွေရင်းလုပ်ငန်းဖြင့် ဆောင်ရွက်မည့်လမ်း များမှာ ချောင်းသာမြို့ မြို့ပတ်လမ်းအရှည်(၃၂၅)ပေနှင့် အမှတ်(၃)ရပ်ကွက်ရှိ မဟာဗန္ဓုလလမ်း အရှည် (၃၅၅)ပေ၊ ရွှေသောင်ယံမြို့အမှတ်(၂)ရပ်ကွက်ရှိ ရွှေမြင့်မိုရ် လမ်း အရှည်(၃၄၁)ပေ၊ အမှတ် (၃)ရပ်ကွက် ကန်သာယာလမ်း အရှည်(၃၄၁)ပေ တို့အား ၂၀၂၁- ၂၀၂၂ ဘဏ္ဍာ ရေးနှစ်(၆)လကာလ အတွင်း အပြီးတည်ဆောက်မည်ဖြစ်ကြောင်း မြို့စည်ပင်သာယာရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။ အဆိုပါအိတ်ဖွင့်တင်ဒါပွဲသို့ Grow Success၊ GreatestAsset၊ ဥဿာဧရာကုမ္ပဏီတို့ အသီးသီး ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။