ညောင်ဦးမြို့နယ်တွင် မဲဆန္ဒရှင်စာရင်းများ မှန်ကန်ပြည့်စုံစေရေး လိုက်လံစစ်ဆေး

ညောင်ဦး  ဩဂုတ်  ၁၉

၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့်  ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းများ မှန်ကန်ပြည့်စုံစေရေးအတွက် ယမန်နေ့ညနေ ၃ နာရီအချိန်က ညောင်ဦးမြို့နယ် ရပ်ကွက်/ကျေးရွာများမှ မဲဆန္ဒရှင်ပြည်သူများ မဲပေးခွင့်ရရှိရေး၊ မဲပေးခွင့်မဆုံးရှုံးစေရေးအတွက် ညောင်ဦးခရိုင် အုပ်ချုပ်ရေးရေးမှူး ဦးကျော်ကျော်အုန်းနှင့်တာဝန်ရှိသူများ ရပ်ကွက်များသို့ သွားရောက်ကာ မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရေး လိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်။

ညောင်ဦးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်အုန်းသည် ညောင်ဦးခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးမျိုးမင်းသန်း၊ ညောင်ဦးခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးနေမျိုးဝင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူး ဦးကျော်လွင်ဦး၊ ညောင်ဦးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြင့်ထွန်းတို့နှင့်အတူ ညောင်ဦးမြို့ အမှတ် (၁) ရပ်ကွက်၊ အမှတ် (၂) ရပ်ကွက်၊ အမှတ် (၃) ရပ်ကွက်သို့သွားရောက်ကာ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိသည့်နိုင်ငံသားများအားလုံး မဲပေခွင့်မဆုံးရှုံးစေရေး အိမ်တိုင်ရာရောက် စာရင်းကောက်ယူစိစစ်ရေးအဖွဲ့များ၏ဆောင်ရွက်နေမှုအခြေအနေအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး မဲစာရင်းများမှန်ကန်မှုရှိစေရေး၊ နိုင်ငံခြားသို့သွားရောက်အလုပ်လုပ်ကိုင်နေသူများရှိပါက သတ်မှတ်ပုံစံ (က-၁) စာရင်းတွင် ပါရှိရေးနှင့်မဲပေးခွင့်မဆုံးရှုံးစေရေး အလေးထားဆောင်ရွက်ကြရန် လိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်။

  ကိုထိန်၊KPD