ဒဂုံမြို့နယ်၌ အခြေခံမဲဆန္ဒရှင်စာရင်း ပြည့်စုံမှန်ကန်မှုရှိရေး တစ်အိမ်ချင်းအလိုက် ကွင်းဆင်းစစ်ဆေး

ဒဂုံ ဩဂုတ် ၁၉

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ(၈)ရက်နေ့တွင်  ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ အခြေခံမဲဆန္ဒရှင် စာရင်းများ ပြည်စုံမှန်ကန်မှုရှိရေးနှင့် ကျန်ရှိမှုမရှိရေးအတွက် မဲစာရင်းများ တစ်အိမ်ချင်းအလိုက် ကွင်းဆင်းစစ်ဆေးခြင်းကို ရန်ကုန် တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်၊ ပြည်အရှေ့ ရပ်ကွက်၌  ယမန်နေ့ နံနက် ၁၁ နာရီက ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲတာဝန်ခံများ စုပေါင်း ဆောင်ရွက် ကြောင်း သိရသည်။

ကွင်းဆင်းစစ်ဆေးရာတွင် အဖွဲ့ခွဲတာဝန်ခံများက ပထမအကြိမ် မဲစာရင်းကပ်ထားကြေညာမှုအား လာရောက်ကြည့်ရှု စစ်ဆေးရာတွင် ကျန်ရှိသည့် မဲဆန္ဒရှင်အမည်နှင့် လူဦးရေစာရင်း   တစ်ဦးချင်းအလိုက် အချက်အလက် မှန်ကန်ပြည့်စုံမှု  ရှိ/မရှိ၊  ကျန်ရှိမှု ရှိ/မရှိ တိုက်ဆိုင်စစ်ဆေးပေးပြီး ကျန်ရှိသူများ၏ အမည်စာရင်းများကို ပုံစံ(၃-က)ဖြင့် လျှောက်ထားနိုင်ရေး ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း သိရသည်။ ကျန်ရှိသည့် မဲဆန္ဒရှင်အမည်စာရင်းများကို အောက်တိုဘာလတွင် ဒုတိယ အကြိမ် ကြေညာပေးမည် ဖြစ်ကြောင်း သိရသည်။

ဇာဖြူဝင်း(ပြန်/ဆက်)