ပင်လုံမြို့၌ လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်များပြသ

ပင်လုံ    ဩဂုတ်  ၁၉

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်မြို့နယ်၊ ပင်လုံမြို့၌ လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်အား ယနေ့ နံနက် ၁၁ နာရီ အချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန၊ ပင်လုံမြို့ရုံး တွင် ပြသထားကြောင်း သိရသည်။

အဆိုပါအသိပညာပေး နံရံကပ်စာစောင်တွင် လူကုန်ကူးမှုဆိုသည်မှာ၊ လူကုန်ကူးခြင်းဖြစ်စဉ်များသည် ပြည်ပတွင် သာမက ပြည်တွင်း၌လည်းဖြစ်နိုင်ကြောင်း၊ လူကုန်ကူးမှုကျူးလွန်ပါက ကျခံရမည့်ပြစ်ဒဏ်များ၊ မြန်မာနိုင်ငံ တွင်ဖြစ်ပွား လျက်ရှိသော လူကုန်ကူးမှုအမျိုးအစား၊ လူကုန်ကူးသူများ၏ လူစုဆောင်းသည့် နည်းလမ်းများ၊ လူကုန်ကူးမခံရအောင် သတိပြုရမည့်အချက်များကို ပြသထားသည့်အပြင် ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ရေး အသိပညာပေးစာစောင်များ၊ ရုပ်ရှင်သရုပ်ဆောင်နှင့်အနုပညာရှင်များ၏ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အသိပညာပေး မှတ်တမ်းဓာတ်ပုံများ၊ ပင်လုံမြို့ အတွင်း လှုပ်ရှားမှုမှတ်တမ်းဓာတ်ပုံများကိုလည်း ပြည်သူများ အလွယ်တကူ လေ့လာကြည့်ရှုနိုင်ရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပင်လုံမြို့ရုံး၌ ပြသထားကြောင်းသိရသည်။

နန်းမြင့်မြင့်ဆွေ