စမ်းချောင်း သြဂုတ် ၁၉
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင်စာရင်းများ မှန်ကန်မှုရှိစေရေးနှင့် ကျန်ရှိမှုမရှိ စေရေးတို့ အတွက် မြေပြင်ရှိ မဲဆန္ဒရှင်စာရင်းများ တိုက်ဆိုင်စစ်ဆေးခြင်းများကို ယမန်နေ့၊ နေ့လယ်(၁၂) နာရီက စမ်းချောင်းမြို့နယ် စမ်းရေ တွင်းလမ်းရှိ ဓမ္မာရုံတွင် မြို့နယ်မှ တာဝန်ရှိသူများက တိုက်ဆိုင်စိစစ်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
စိစစ်ဆောင်ရွက်ရာတွင် မဲစာရင်း၌ အမည်စာရင်းမပါ၍ မဲစာရင်းကျန်ရှိသူ(၃၆၈)ဦး၊ ပုံစံ(၄-ဂ)ဖြင့် ပြင်ဆင်သူ(၅၈၁)ဦး၊ ကန့်ကွက်သူ (၁၀၈) ဦး ရှိကြောင်း သိရသည်။ ထိုသို့ဆောင်ရွက်ရာတွင် ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဇော်ထွေး၊ ရပ်ကွက်ကော်မရှင်ဥက္ကဋ္ဌ ဦးမြလှိုင်၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးကျော်မြင့်စိုးနှင့်အတူ အဖွဲ့ဝင်များက စမ်းချောင်း(မြောက်)ရပ်ကွက်ရှိ မဲဆန္ဒရှင် စာရင်းတွင် ပါဝင်မှုရှိ၊မရှိ စိစစ်ခြင်း၊ မဲစာရင်းတွင် ပါရှိသည့် အချက်အလက်များ ပြည့်စုံမှန်ကန်မ ရှိ၊ မရှိ တိုက်ဆိုင်စစ်ဆေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မြမြစန်း(ပြန်/ဆက်)