ကမာရွတ် ဩဂုတ် ၁၉
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ်ရှိ ရပ်ကွက်များတွင် မွေးမြူထားသော အိမ်မွေး (ခွေး၊ ကြောင်) များအား မွေးမြူခွင့် မှတ်ပုံတင် ပြုလုပ်လိုသူများအတွက် လျှောက်လွှာတင်ရာတွင် လိုအပ်ချက်များမှာ ကာကွယ်ဆေးထိုး မှတ်တမ်းမိတ္တူ၊ ခွေးဓာတ်ပုံ (၄×၆) ရှေ့တစ်ပုံ၊ ဘေးတစ်ပုံ၊ နှစ်ပုံကို တစ်ပါး တည်းယူဆောင်ရန် ယမန်နေ့ နံနက်(၁၀)နာရီအချိန်က ကမာရွတ်မြို့နယ် စည်ပင် သာယာအုပ်ချုပ်ရေး မှူးရုံးတွင် လာရောက်ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ တိရစ္ဆာန်ဆေးကုနှင့် အသားထုတ်လုပ်ရုံများဌာနသည် အိမ်မွေး(ခွေး၊ ကြောင်)များကို (၂၀၁၉-၂၀၂၀) ဘဏ္ဍာရေးနှစ်မှစ၍ ခေတ်မီနည်းပညာသုံး အိမ်မွေးတိရစ္ဆာန် မှတ်ပုံတင်ခြင်းစနစ် (Digital Pet Registration System) ဖြင့် အိမ်မွေးတိရစ္ဆာန်များတွင် Microchip ထည့်သွင်းပေးပြီး မှတ်ပုံတင်ခြင်းလုပ်ငန်း၊ နှစ်စဉ်မှတ်ပုံတင် သက်တမ်းတိုးခြင်း လုပ်ငန်းကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
စိမ်းလဲ့(ပြန်/ဆက်)