တန့်ယန်း သြဂုတ် ၁၉
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ် အမှတ်(၅) ရပ်ကွက်၊ အုပ်စု (၃)တွင် မီးဖိုရှိ မီးကြွင်း မီးကျန်မှတစ်ဆင့် အလျား ပေ ၄၀ ၊ အနံ ပေ ၂၀ ရှိသော လူနေအိမ်တစ်လုံး ယနေ့နံနက် (၀၀:၁၀ ) နာရီက မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ မီးလောင်ရာသို့ မြို့နယ်အရန်မီးသတ် တပ်ရင်းမှ မီးငြိှမ်းသတ်ယာဉ် နှစ်စီးသွားရောက်ခဲ့ပြီး အရန်မီးသတ် တပ်ဖွဲ့ဝင်များနှင့် ပြည်သူလူထုမှ ဝိုင်းဝန်းငြိှမ်းသတ်ခဲ့ကြောင်း၊ မီးလောင်မှုကြောင့် လူနှင့် တိရစ္ဆာန်များ ထိခိုက်/ဆုံးရှုံးမှု မရှိပါကြောင်းနှင့် မီးသုံးစွဲမှုပေါ့ဆသူအား တန့်ယန်းမြို့မရဲစခန်းမှ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
မင်းလွင်ဦး(ပြန်/ဆက်)