ချမ်းမြသာစည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး Community Centre တွင် စာဖတ်ဝိုင်းပြုလုပ်

မန္တလေး ဩဂုတ် ၁၉

ချမ်းမြသာစည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre တွင် ယနေ့နံနက် ၉ နာရီက စာဖတ်ဝိုင်းဆွေးနွေးပွဲပြုလုပ်သည်။ အဆိုပါစာဖတ်ဝိုင်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး ဒေါ်စံပယ်က စာဖတ်ဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားကာ၊ မြို့နယ်စာရေးဆရာအသင်းဝင်များဖြစ်ကြသည့် လွတ်လပ်ငြိမ်း၊ ကြည်မင်းဝေ (ဆင်ကျွန်း)၊ ဆရာမြင့်မောင်မောင်နှင့် ဦးဆန်းမောင်တို့က စာအုပ်ပါအကြောင်းအရာ သုတ/ရသများကို ဆွေးနွေးခဲ့ကြရာ တက်ရောက်လာကြသူများက ပြန်လည်သုံးသပ် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အခမ်းအနားအပြီးတွင် လှူဒါန်းပွဲကို ဆက်လက်ကျင်းပရာ မြို့မိမြို့ဖ ဦးမောင်မောင်သောင်းက ရုံးအတွက် ကော်ဇောလှူဒါန်းပြီး၊ ဒေါ်သန္တာအေးနှင့် ဦးမြင့်မောင်မောင်တို့က မဂ္ဂဇင်းစာအုပ်များကိုလှူဒါန်းရာ ချမ်းမြသာစည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်စံပယ်က လက်ခံရယူပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။ 

ဝေဖြိုးအောင်