မြစ်ကြီးနား သြဂုတ် ၁၉
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ မြို့မရပ်ကွက်ရှိ ဆမားလမ်းနှင့် အောင်ဆန်းလမ်းဒေါင့် မြန်မာ့သစ် ထုတ်လုပ်ရေးရုံး၊ ဝန်ထမ်းအိမ်ရာရှိ လုံးပတ်(၄)ပေခန့် အမြင့်ပေ(၃၀)ခန့်ရှိ ကုက္ကိုလ်ပင်သည် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဩဂုတ် (၁၈)ရက်နေ့ ည(၇)နာရီကျော်ခန့် က သစ်ပင်ပြိုလဲကျမှု ဖြစ်ပွားခဲ့သည်။
အဆိုပါ ဖြစ်ပွားရာနေရာသို့ ခရိုင်မီးသတ် ဦးစီးဌာနမှူး ဦးဆောင်၍ သန္ဓေတပ်ဖွဲ့ဝင် ၁၁ဦး၊ အရန် ၅ဦး၊ ရှာဖွေ ကယ်ဆယ်ရေးယာဉ် (၁)စီးနှင့်အတူ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းတပ်ဖွဲ့ဝင်များ၊ မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ ပူးပေါင်း၍ ပြိုကျနေသော ကုက္ကိုလ်ပင်ကို ရှင်းလင်းခြင်း လမ်းများပိတ်ဆို့မှု မဖြစ်ပွားရအောင် ကူညီဆောင်ရွက် ပေးခဲ့ကြသည်။
ဖြစ်စဉ်မှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လုံးပတ်(၄)ပေခန့်၊ အမြင့်ပေ(၃၀)ခန့်ရှိ ကုက္ကိုလ်ပင် လဲကျခဲ့သဖြင့် အနီးရှိ သွပ်မိုး၊ ထရံကာ(၁၂)ပေပတ်လည် ဝန်ထမ်းအိမ်ယာ (၄)ခန်းတွဲ၊ 125 ဆိုင်ကယ်(၂)စီး ကာဗာကျိုးပဲ့၊ (၁၄)ပေ ပတ်လည် သစ်သီးဆိုင်ခန်း (၄)ခန်း ၊ Hyundal ယာဉ်အမျိုးအစား Light Truck ယာဉ်အမှတ် BGO 5E/9105 အမိုးကိုင်းအနည်း ငယ်ပျက်စီးနှင့် သုံးဘီးဆိုင်ကယ် အမိုးကိုင်း ပျက်စီးပြီး လူနှင့်တိရိစ္ဆာန်များ ထိခိုက်မှု မရှိကြောင်း သိရသည်။
စိန်ဝင်း(ပြန်/ဆက်)